
ဝေဟင်ကကြည့်ချင်ဇောနဲ့ 
ကောင်းကင်မှာဝဲပျံမယ်ဆိုပြီး
အမေရင်ထဲကထွက်ခဲ့ပြီးမှ
ကျရှုံးမှုတွေ၊လှောင်ရယ်သံတွေကြားမှာ
ရှာတွေလိုက်ရတာက...
အမေရဲ့အမြဲခွင့်လွှတ်ကြိုဆိုနေတဲ့အပြုံး။
အဆင်ပြေချမ်းမြေ့မှုတွေကြားမှာ
အခက်ခဲတွေနေရာယူခဲ့
ပူပြင်းတဲ့နေရောင်အောက်မှာ
လိုချင်တဲ့စကားလုံးရဖို့ 
ကိုယ့်ကိုအကွက်ဖြည့်ချင်နေတဲ့
Puzzle ကစားသမားများမှလွဲ၍
အနားမှာနေမယ့်သူမရှိ
အဆင်မပြေမှုပုံအောလည်း
ကျွန်တော့်ကိုအဝေးက
အားပေးနေတဲ့အမေ။
ဘ၀ရဲ့တိမ်ညိုတွေကို
ဖယ်ရှားပေးတဲ့
အမေ့ရဲ့အတွေးအခေါ်။
နှလုံးသားဆီနွေးထွေးမှုတွေ
ဆောင်ယူလာပြီး
ဘ၀ကိုဘောင်လှလှလေးခတ်ပေးခဲ့တဲ့
အမေရဲ့စကားသံ။
ထိုထိုတန်ဖိုးမဖြတ်နိုင်တဲ့အမေ့ရဲ့ပေးစပ်မှုတွေအတွက်
မေမေရဲ့ကျေးဇူးတွေကို
အရိမေတ္တယျဘုရားမပွင့်မှီဘ၀ဆက်တိုင်း
အမြင့်မြတ်ဆုံးပန်းတိုင် နိဗ္ဗာန်လမ်းကို
ချောမွေ့ စွာလျှောက်လမ်းနိုင်ရေး
သားရဲ့နှလုံး၊သွေး၊ခန္ဓာဖြင့်
မမောမပန်း
ခင်းကျင်းစတေးဆောက်တည်သွားမည်။
ကျေးဇူးများရှင် အင်ပါယာထဲက
အနန္တ မေမေ။
Written By Bo Bo Kyaw
4 comments:
i like that poem a lot. i read a lot of poem and i never seem like that great poem. i want to read ur another poem and comment.
ဗိုလ်ဗိုလ်...comment လာပေးသွားတယ်နော်။မိဘကျေးဇူးသိတတ်တဲ့
သားသမီးကဘယ်တော့မှဒုက္ခမရောက်ဘူး။
စိတ်ညစ်ရလည်းခဏဘဲ။