YouTube ကလူကြည့်အများဆုံး ဗီဒီယိုတခုပါ.. ၀င်ရောက်ကြည့်ရှုသူပေါင်း ၉,၃၀၀,၀၀၀ နီးပါးရှိပြီး မှတ်ချက်ပေါင်း ၁၀,၉၉၆ မှတ်ချက်ပေးထားပါတယ်.. အသက် (၆)နှစ်လို့တောင် မထင်ရလောက်အောင် သီချင်းဆိုရာမှာ အလွန်ကောင်မွန်ပြီး အရမ်းကို ချစ်ဖို့ကောင်းပါတယ်.. ကျွန်တော်တို့ ဒီအသက်ရောက်နေပြီ.. သူခြေဖျားတောင် မမှီဘူး.. သူငယ်ချင်းတို့ကော မှီရဲ့လား.. ကောင်းမလေးနာမည်က Connie Talbot ပါ..
စင်္ကာပူမှ ဘလော့ဂါတွေ တွေ့ဖို့ချိန်းထားတာနဲ့ ချိန်းထားတဲ့နေရာကို ကျွန်တော် ညနေ (၄း၁၀) လောက်မှာရောက်သွားတယ်.. ကျွန်တော်ရောက်တော့ လူကတော်တော်စုံနေပြီ.. မမယ်လိုဒီမောင် ကိုမေးတော့ နောက် ၁၀ယောက်လောက် ကျန်သေးတယ်ဆိုတာနဲ့ ကျွန်တော်လက်ဆောင်ပစ္စည်း သွားဝယ်လိုက်တယ်.. နောက် အာလုံးစုံပြီဆိုတာနဲ့ ကျွန်တော်တို့ချိန်းထားတဲ့နေရာကို တက္ကဆီငှား ပြီးသွားကြတယ်။ ချိန်းထားတဲ့နေရာမှာ မဗေဒါ ကတော့ကြိုရောက်နှင့်နေတယ်.. ကျွန်တော်တို့မှာ ထားတဲ့ BBQ တွေကိုသယ်ကြတယ်.. နောက်မိနစ် (၂၀)လောက်မှာ ကျွန်တော်တို့ တွေ့ဆုံပွဲလေးကို စတင်ပါတယ်.. ဒီမိတ်ဆက်တာလေးကို MMITPros မှ ကိုဂျွန်မိုးကလည်း MC အဖြစ်ဆောင်ရွက် ပေးပါတယ်.. နောက်ကျွန်တော်တို့တွေ တယောက်နဲ့တယောက် မိတ်ဆက်ကြတယ်.. မိတ်ဆက် တော့ အားလုံးက ကျွန်တော့ထက်သာတဲ့သူတွေကြီးပါပဲ.. သူတို့လုပ်တာတွေက IT Pro, Graphic Designer, Web Developer, Engineer, Sale And Marketing တွေနဲ့ လုပ်နေကြတဲ့ တကယ့်ကို Professional လိုင်းနဲ့လုပ်နေတဲ့ လူတွေကြီးပါပဲ.. အဲဒီထဲမှာ ကျွန်တော့်ထက် အသက်ငယ်တဲ့လူတွေ လည်းပါပါတယ်.. ကျွန်တော်ကသာ ဘာမဟုတ်တဲ့ ပညာလေးနဲ့ ဒီမှာလာလုပ်နေတာ.. သူတို့ကို ကျွန် တော်ကြည့်ပြီး အားကျမိတပါတယ်.. အဲလိုမိတ်ဆက်ပြီးတော့ တယောက်နဲ့တယောက်ပါလာတဲ့ ပစ္စည်းတွေလဲကြတယ်.. MrDBA ကြီးက အမှတ်တရ ဓါတ်ပုံတွေရိုက်ပေးတယ်.. နောက် မဗေဒါ က ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးပေးပါတယ်.. အဲမှာကျွန်တော် သတိထားမိတာက မဗေဒါနဲ့ အတူ သူ့မိဘတွေပါလာတယ်.. သူကတော့ပြောတာပေါ့နော်.. အဖေနဲ့အမေက အိမ်မှာပျင်းနေလို့ လိုက် လာတာတဲ့။ ကျွန်တော်ထင်တာ့တော့ မဗေဒါ ဘယ်လောက်သောင်းကျန်းထားလို့ အိမ်ကစိတ်မချ ဖြစ်ပြီး လိုက်လာတယ်လို့ ထင်တာပေါ့.. ဟီးဟီး..နောက်ကျွန်တော်တို့မှာထားတဲ့ BBQ တွေစားကြ၊ တယောက်နဲ့တယောက်စကားတွေပြောကြနဲ့ အရမ်းပျော်ဖို့ကောင်းပါတယ်.. နောက် မမယ်လိုဒီမောင် က Socialization On Net ဆိုတာလေးကို ဆွေးနွေးတင်ပြပါတယ်.. မမယ်လိုဒီမောင်ရဲ့ ဆွေးနွေးတင်ပြပြီးတဲ့နောက်မှာ ကျွန်တော်တို့တွေ ကိုစည်သူ(ဇင်ကိုလတ်)ရဲ့ ပျော်ရွှင်စရာ ဂိမ်းတွေဆော့ကြပါတယ်.. အားလုံးရဲ့မျက်နှာမှာ ဟန်ဆောင်မှုကင်းမဲ့ပြီး ပျော်ပျော် ရွှင်ရွှင်နဲ့ ကစားကြတာ မမောနိုင် မပန်းနိုင်ပါပဲ.. အဲလို ကျွန်တော်တို့ ကစားနေတုန်းမှာ လာရောက် နှောက်ယှက်တာကတော့ ကိုရွှေမိုးပါပဲ.. တော်သေးတာပေါ့.. နောက်ကျမှရွာလို့.. စောစောစီးစီးသာ ရွာရင် ကျွန်တော်တို့ အစီအစဉ်တွေ ကိုးလို့ကန့်လန့် ဖြစ်ကုန်မှာ.. နောက်မိုးအရမ်းရွာလာတော့ ကျွန် တော်တို့နားမှာရှိတဲ့ အမိုးအောက်ကြီးမှာ မိုးဝင်ခိုပြီး ဂိမ်းအစီအစဉ်ကို ဆက်လက်ကစားကြပါတယ်.. ကျွန်တော်တို့ရဲ့ ကစားပွဲကို ည (၁၀း၂၀) မှာ အဆုံးသတ်လိုက်ပါတယ်.. မိုးစက်တွေတဖွဲဖွဲကျနေတဲ့ လမ်းမပေါ်မှာ ကျွန်တော်တို့ တယောက်နဲ့ တယောက်နှုတ်ဆက်ပြီး ကျွန်တော်တို့ရဲ့ စင်္ကာပူမှ ဘလော့ဂါမှာတွေ့ဆုံပွဲ အစီအစဉ်လေးကို အဆုံးသတ်ခဲ့ပါတယ်.. မိုးစက်တွေနဲ့အပြန်လမ်းမှာတော့ အားလုံးက ဒီတွေ့ဆုံပွဲလေးအကြောင်းကို ကိုယ်စီအတွေးလေးများနှင့်တွေးပြီး စိတ်ကိုပျော်ရွှင် ကြည်နူးစေခဲ့ပါတယ်.. အခုလိုပျော်ရွှင်စရာကောင်းတဲ့ တွေ့ဆုံပွဲလေးကို ဒီနှစ်မှာသာမက နောက်နှစ် တွေမှာလည်း ဆက်လက်ကျင်းပနိုင်ပါစေလို့ ဆုတောင်းမိပါတယ်.. ဘာပဲပြောပြော ဒီတွေ့ဆုံပွဲလေး ဟာ ကျွန်တော့်အတွက် မမေ့နိုင်တဲ့ အမှတ်တရနေ့လေး တစ်နေ့ပါပဲ.. တွေ့ဆုံပွဲကို တက်ရောက်လာ သူတွေကတော့
(၁) MrDBA
(၂) မယ်လိုဒီမောင်
(၃) မြတ်မင်းဟန်
(၄) အိုအေစစ် မောင်ပွတ်
(၅) ဇင်ကိုလတ်
(၆) ကိုဇေယျာ
(၇) မစ်သွန်းသွန်း
(၈) သန့်ဇင်ဦး(မောင်သန့်ဇင်)
(၉) Emotion Of Mind
(၁၀) ToMMyGiRL
(၁၁) မဗေဒါ
(၁၂) ကျော်ဇေယျ
(၁၃) (၁၄) ကိုနေ + ၁
(၁၅) မိုးကြယ်
(၁၆) ဝေယံလင်း
(၁၇) ရဲနိုင်စိုး
(၁၈) StevenWang
(၁၉) အိဝေဖြိုး
(၂၀) (၂၁) ညီညီ (သံလွင်)+ စကားပန်း
(၂၂) စိုးမင်းထိုက်(တောင်ပေါ်သား)
(၂၃) စက်တင်ဘာဒရင်းမ်
(၂၄) ပုလုကွေး
(၂၅) Happy Cloud
(၂၆) ကိုငယ်(မန္တလေး)
ကျွန်တော့်ရဲ့ က သူငယ်ချင်း နန်းစုသက် က Tag ထားတယ် ဖြေပေးပါဆိုလို့ ပြန်ဖြေပေးလိုက်ပါတယ်..
ကိုယ့်နာမည် --- ဘိုဘို။
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် --- ဘိုဘို။ ကျောင်းက သူငယ်ချင်းတွေက မျောက်လို့ခေါ်တယ်...
ကိုယ်ဒီမှာနေတယ် --- ဂေလမ်း။ ဟိဟိ။
ကိုယ့်ဆီဖုန်းဆက်ချင်ရင် --- Star Hub ကိုမေးလိုက်။
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက --- သုံးလို့ကောင်းရင် ကြိုက်တယ်။
အရောင်ဆိုရင် --- အနီ၊ အဖြူ၊ အနက်၊ အပြာ။
အ၀တ်အစားဆိုရင် --- ပေါ့ပေါ့ပါးပါးအကျီ၊ ဘောင်းဘီတို။
အစားအစာဆိုရင် --- အအေး၊ ပေါင်မုန့်။
ပစ္စည်းဆိုရင် --- ကိုယ်နဲ့အသုံးဝင်မယ့်ဟာ။
သီချင်းဆိုရင် --- ပန့် (အရမ်းအဆူကြီးတွေမကြိုက်ဘူး)။
စာရေးစာဆရာ --- တာရာမင်းဝေ၊ နီကိုရဲ၊ အကြည်တော်။
စာအုပ် --- ကာတွန်း၊ ဟာသစာအုပ်၊ ဘုရားသမိုင်း။ (အချစ်ဝတ္တု လုံးဝခံစားလို့ မရပါ)
Life style --- ပျော်ပျော်ပါးပါးပဲနေတယ်.. စိတ်ညစ်စရာဆို သိပ်မတွေးဘူး)
ကိုယ့်ရဲ့ဝါသနာ --- ဂိမ်းဆော့တယ်၊ သီချင်းနားထောင်တယ်၊ ဘောလုံးကန်တယ်။ (ဂိမ်းဆော့တာ နားလည်မပေးလို့ ပထမရည်းစားကို ဖြတ်လိုက်တယ်)
အလိုချင်ဆုံးလက်ဆောင် --- ဒေါ်လာလုပ်တဲ့စက်။ ဟိဟိ
ကိုယ့်ရဲ့ အချစ်ဆုံးသူက --- အဖေ၊ အမေ၊ နောက်.... သူ.. ပေါ့။
ကိုယ့်ရဲ့ အလေးစားဆုံးသူက --- အဖေ၊ အမေ။ တယောက်တမျိုးစီ လေးစားစရာကောင်းတယ်။
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက --- ကင်းကောင်၊ ဖူးပွင့်၊ မီးငယ်၊ မောင်သက်၊ အီးတီ၊ ကိုရဲ၊ စည်သူ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - - - အမေ၊ နောက် ..သူ၊ နောက် သူငယ်ချင်းတွေ။
ကိုယ့်ရဲ့ အမုန်းဆုံးသူက --- ပိုက်ဆံရှိတဲ့၊ ရုပ်ချောတဲ့၊ မာန်တက်တဲ့၊ ဘ၀င်မြင့်တဲ့၊ ကိုယ့်ကိုကိုယ်အရမ်း အထင်ကြီးတဲ့ မိန်းမတွေ။
ရင်အခုန်ဆုံးအချိန် --- မြွေတွေ့တဲ့အချိန်။
အကြောက်ဆုံးအချိန် --- ဘဏ်ကဒ်ထဲမှာ ပိုက်ဆံကုန်တော့မယ့် အချိန်။
အပျော်ဆုံးအချိန် --- သောကြာနေ့၊ လကုန်တဲ့နေ့။
အမှတ်တရနေ့ --- ၈.၈.၂၀၀၈။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု --- ကျွန်တော်ပါးစပ်က ပြောတိုင်း ချက်ချင်းရပါစေသား။
အချစ်ဆိုတာ --- ဘာနဲ့မှ မတူတဲ့ စိတ်လှုပ်ရှားမှု တမျိုးပါ။
အမုန်းဆိုတာ --- မရှိသင့်တဲ့အရာ။
အလွမ်းဆိုတာ --- ဘာကိုလဲ.. အမေ့ကိုတော့ အမြဲလွမ်းတယ်။
သံယောဇဉ်ဆိုတာ --- ဖြတ်လို့မရတဲ့ မမြင်နိုင်တဲ့ ခိုင်မြဲတဲ့ကြိုး။
ဘ၀ဆိုတာ --- လုံးလည်ချာလည် လိုက်နေတဲ့ ဘ+၀။
သူငယ်ချင်းဆိုတာ --- သူငယ်ချင်းဆိုတာ အမျိုးမျိုးရှိပါတယ်။ (မိဘလိုခင်တဲ့ သူငယ်ချင်း၊ မောင်နှမလိုခင်တဲ့ သူငယ်ချင်း၊ သူငယ်ချင်းလိုခင်တဲ့ သူငယ်ချင်း၊ အပေါ်ယံခင်မင်တဲ့ သူငယ်ချင်း)။
ချစ်သူဆိုတာ --- အေးအတူ ပူအမျှ.. အခက်အခဲတွေကို အတူလက်တွဲမယ့် အဖော်။ (တကယ်ကိုယ့်ကို ချစ်တဲ့ မိန်းကလေးဆိုရင် အဲလိုလုပ်ရဲရမှာပေါ့)။
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် --- အရူးတယောက်။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က --- ပျော်ပျော်နေသေခဲ။
အပြောချင်ဆုံးစကားတစ်ခွန်း --- ဘယ်တော့မှ လက်မလျှော့နဲ့။ မရဘူးဆိုတာ မရှိဘူး။ စကားပုံတောင်ရှိတယ်.. “လူလုပ်ရင် လူတောင်ဖြစ်တယ်”။
ဒီသီချင်းလေးကို ကျွန်တော် တနေ့ကို အနည်းဆုံ (၂)ကြိမ်လောက်နားထောင်ဖြစ်တယ်.. ကျွန်တော်သူငယ်ချင်း တယောက်ပို့ပေးတာပါ.. ကျွန်တော်အကြိုက်ဆုံး သီချင်းလေးတပုဒ်ပါ.. သူငယ်ချင်းတို့လဲ နားထောင်ကြည့်ပါဦး..
တေးစီးရီးနာမည်က "ဘ၀အစစ်များ" တဲ့..