ပြန်လည်ဖြေကြားခြင်း

Filed under: by: EOM Members

ကျွန်တော့်ရဲ့ က သူငယ်ချင်း နန်းစုသက် က Tag ထားတယ် ဖြေပေးပါဆိုလို့ ပြန်ဖြေပေးလိုက်ပါတယ်..

ကိုယ့်နာမည် --- ဘိုဘို။
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် --- ဘိုဘို။ ကျောင်းက သူငယ်ချင်းတွေက မျောက်လို့ခေါ်တယ်...
ကိုယ်ဒီမှာနေတယ် --- ဂေလမ်း။ ဟိဟိ။
ကိုယ့်ဆီဖုန်းဆက်ချင်ရင် --- Star Hub ကိုမေးလိုက်။
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက --- သုံးလို့ကောင်းရင် ကြိုက်တယ်။
အရောင်ဆိုရင် --- အနီအဖြူအနက်အပြာ
အ၀တ်အစားဆိုရင် --- ပေါ့ပေါ့ပါးပါးအကျီ၊ ဘောင်းဘီတို။
အစားအစာဆိုရင် --- အအေး၊ ပေါင်မုန့်။
ပစ္စည်းဆိုရင် --- ကိုယ်နဲ့အသုံးဝင်မယ့်ဟာ။
သီချင်းဆိုရင် --- ပန့် (အရမ်းအဆူကြီးတွေမကြိုက်ဘူး)။
စာရေးစာဆရာ --- တာရာမင်းဝေ၊ နီကိုရဲ၊ အကြည်တော်။
စာအုပ် --- ကာတွန်း၊ ဟာသစာအုပ်၊ ဘုရားသမိုင်း။ (အချစ်ဝတ္တု လုံးဝခံစားလို့ မရပါ)
Life style --- ပျော်ပျော်ပါးပါးပဲနေတယ်.. စိတ်ညစ်စရာဆို သိပ်မတွေးဘူး)
ကိုယ့်ရဲ့ဝါသနာ --- ဂိမ်းဆော့တယ်၊ သီချင်းနားထောင်တယ်၊ ဘောလုံးကန်တယ်။ (ဂိမ်းဆော့တာ နားလည်မပေးလို့ ပထမရည်းစားကို ဖြတ်လိုက်တယ်)
အလိုချင်ဆုံးလက်ဆောင် --- ဒေါ်လာလုပ်တဲ့စက်။ ဟိဟိ
ကိုယ့်ရဲ့ အချစ်ဆုံးသူက --- အဖေ၊ အမေ၊ နောက်.... သူ.. ပေါ့။
ကိုယ့်ရဲ့ အလေးစားဆုံးသူက --- အဖေ၊ အမေ။ တယောက်တမျိုးစီ လေးစားစရာကောင်းတယ်။
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက --- ကင်းကောင်၊ ဖူးပွင့်၊ မီးငယ်၊ မောင်သက်၊ အီးတီ၊ ကိုရဲ၊ စည်သူ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - - - အမေ၊ နောက် ..သူ၊ နောက် သူငယ်ချင်းတွေ။
ကိုယ့်ရဲ့ အမုန်းဆုံးသူက --- ပိုက်ဆံရှိတဲ့၊ ရုပ်ချောတဲ့၊ မာန်တက်တဲ့၊ ဘ၀င်မြင့်တဲ့၊ ကိုယ့်ကိုကိုယ်အရမ်း အထင်ကြီးတဲ့ မိန်းမတွေ။
ရင်အခုန်ဆုံးအချိန် --- မြွေတွေ့တဲ့အချိန်။
အကြောက်ဆုံးအချိန် --- ဘဏ်ကဒ်ထဲမှာ ပိုက်ဆံကုန်တော့မယ့် အချိန်။
အပျော်ဆုံးအချိန် --- သောကြာနေ့၊ လကုန်တဲ့နေ့။
အမှတ်တရနေ့ --- ၈.၈.၂၀၀၈။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု --- ကျွန်တော်ပါးစပ်က ပြောတိုင်း ချက်ချင်းရပါစေသား။
အချစ်ဆိုတာ --- ဘာနဲ့မှ မတူတဲ့ စိတ်လှုပ်ရှားမှု တမျိုးပါ။
အမုန်းဆိုတာ --- မရှိသင့်တဲ့အရာ။
အလွမ်းဆိုတာ --- ဘာကိုလဲ.. အမေ့ကိုတော့ အမြဲလွမ်းတယ်။
သံယောဇဉ်ဆိုတာ --- ဖြတ်လို့မရတဲ့ မမြင်နိုင်တဲ့ ခိုင်မြဲတဲ့ကြိုး။
ဘ၀ဆိုတာ --- လုံးလည်ချာလည် လိုက်နေတဲ့ ဘ+၀။
သူငယ်ချင်းဆိုတာ --- သူငယ်ချင်းဆိုတာ အမျိုးမျိုးရှိပါတယ်။ (မိဘလိုခင်တဲ့ သူငယ်ချင်း၊ မောင်နှမလိုခင်တဲ့ သူငယ်ချင်း၊ သူငယ်ချင်းလိုခင်တဲ့ သူငယ်ချင်း၊ အပေါ်ယံခင်မင်တဲ့ သူငယ်ချင်း)။
ချစ်သူဆိုတာ --- အေးအတူ ပူအမျှ.. အခက်အခဲတွေကို အတူလက်တွဲမယ့် အဖော်။ (တကယ်ကိုယ့်ကို ချစ်တဲ့ မိန်းကလေးဆိုရင် အဲလိုလုပ်ရဲရမှာပေါ့)။
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် --- အရူးတယောက်။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က --- ပျော်ပျော်နေသေခဲ။
အပြောချင်ဆုံးစကားတစ်ခွန်း --- ဘယ်တော့မှ လက်မလျှော့နဲ့။ မရဘူးဆိုတာ မရှိဘူး။ စကားပုံတောင်ရှိတယ်.. “လူလုပ်ရင် လူတောင်ဖြစ်တယ်”။

Written By Maung Han Htut Zaw

3 comments:

On September 8, 2008 at 12:36 AM , thonn thonn said...

ပိုက်ဆံရှိတဲ့၊ ရုပ်ချောတဲ့၊ မာန်တက်တဲ့၊ ဘ၀င်မြင့်တဲ့၊ ကိုယ့်ကိုကိုယ်အရမ်း အထင်ကြီးတဲ့ မိန်းမတွေ။..... ဆိုတော့ ကိုယ့်လူက အဲလိုအရည်အချင်းတွေအားလုံးပြည့်စုံနေတဲ့ မိန်းမများကိုပြောတာလား? အဲထဲက အရည်အချင်းတစ်ခုလောက်နဲ့လာငြိနေတဲ့ မိန်းမကို ပြောတာလား? ရှင်းရှင်းပြောဖို့လိုမယ်ထင်တယ်နော်။ ဟွန်း ...

 
On September 8, 2008 at 2:28 AM , mabaydar said...

ကိုယ်ဒီမှာနေတယ် --- ဂေလမ်း။ ဟိဟိ။
(အဲမှာ အလုပ်လုပ်တာဟုတ်ဘူးလား.. ဟိ ဟိ.. စတာ)
ကိုယ့်ရဲ့ဝါသနာ --- ဂိမ်းဆော့တယ်၊ သီချင်းနားထောင်တယ်၊ ဘောလုံးကန်တယ်။ (ဂိမ်းဆော့တာ နားလည်မပေးလို့ ပထမရည်းစားကို ဖြတ်လိုက်တယ်)
(အဲဒါ အဲဒိရည်းစားကို နင်သိပ်မချစ်လို့ဖြစ်မှာပေါ့)
အလိုချင်ဆုံးလက်ဆောင် --- ဒေါ်လာလုပ်တဲ့စက်။ ဟိဟိ
(ရဲတိုင်လိုက်မယ်.. ငှဲ..ငှဲ.. ငှဲ)
ကိုယ့်ရဲ့ အမုန်းဆုံးသူက --- ပိုက်ဆံရှိတဲ့၊ ရုပ်ချောတဲ့၊ မာန်တက်တဲ့၊ ဘ၀င်မြင့်တဲ့၊ ကိုယ့်ကိုကိုယ်အရမ်း အထင်ကြီးတဲ့ မိန်းမတွေ။
(ဒုက္ခပဲ.. ငါနဲ့ တော်တော်များများကိုက်နေတယ်... ကွိကွိ... နာက သဘောတော့ကောင်းပါတယ်.. ဟဲ ဟဲ.. ဒါဆိုယောကျာင်္းတွေကိုတော့ ၁ယောက်မှမမုန်းဘူးပေါ့နော်)
ရင်အခုန်ဆုံးအချိန် --- မြွေတွေ့တဲ့အချိန်။
(ကျားတွေ ခြင်္သေ့တွေတွေ့ရင်တော့ ရင်မခုန်ဘူးပေါ့)
အကြောက်ဆုံးအချိန် --- ဘဏ်ကဒ်ထဲမှာ ပိုက်ဆံကုန်တော့မယ့် အချိန်။
(တူတူပဲ.. ဒါတော့နာလဲကြောက်တယ်.. ရည်းစားပြစ်သွားမှာထက်ကြောက်တယ်..)
အပျော်ဆုံးအချိန် --- သောကြာနေ့၊ လကုန်တဲ့နေ့။
(လကုန်ရင် အိမ်လခ.. bill ပေါင်းစုံပေးရတော့မယ်... အဲဒါ ပျော်စရာကောင်းလို့လား.. နာ့အတွက်တော့ မကောင်း)
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု --- ကျွန်တော်ပါးစပ်က ပြောတိုင်း ချက်ချင်းရပါစေသား။
(ဒါဆိုရင်တော့ ယောင်မှားပြီးမပြောမိဖို့တော်တော်သတိထားရမယ်.. အန္တရာယ်များတယ်)
သူငယ်ချင်းဆိုတာ --- သူငယ်ချင်းဆိုတာ အမျိုးမျိုးရှိပါတယ်။ (မိဘလိုခင်တဲ့ သူငယ်ချင်း၊ မောင်နှမလိုခင်တဲ့ သူငယ်ချင်း၊ သူငယ်ချင်းလိုခင်တဲ့ သူငယ်ချင်း၊ အပေါ်ယံခင်မင်တဲ့ သူငယ်ချင်း)။
(နာက ဘယ်အုပ်စုထဲမှာပါလဲတော့သိဘူး.. လောလောဆယ်တော့ နောက်ဆုံးအုပ်စုထဲများပါနေလားသိဘူး.. ဘုရား ဘုရား)
ချစ်သူဆိုတာ --- အေးအတူ ပူအမျှ.. အခက်အခဲတွေကို အတူလက်တွဲမယ့် အဖော်။ (တကယ်ကိုယ့်ကို ချစ်တဲ့ မိန်းကလေးဆိုရင် အဲလိုလုပ်ရဲရမှာပေါ့)။
(နင်ရော လုပ်ရဲလို့လား.. ဒါပဲမေးလိုက်မယ်.. လုပ်ရဲတယ်ပဲပြောမှာပဲ... ဟီး... ဟီး.. နောက်တာ)
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် --- အရူးတယောက်။
(အရူးဆိုရင် လူသတ်လို့ရတယ်.. မဖမ်းဘူးတဲ့.. ဒါပေမဲ့ လက်မှတ်ရှိဖို့လိုတယ်.. လက်မှတ်ရရင် နာ့ကိုလာပြော.. ဟီး.. ဟီး)
အပြောချင်ဆုံးစကားတစ်ခွန်း --- ဘယ်တော့မှ လက်မလျှော့နဲ့။ မရဘူးဆိုတာ မရှိဘူး။ စကားပုံတောင်ရှိတယ်.. “လူလုပ်ရင် လူတောင်ဖြစ်တယ်”။
(လူလုပ်ရင်လူဖြစ်တာ ဆန်းလား.. ခွေးလုပ်ရင်လဲ ခွေးဖြစ်တာပဲ.. နားမလည်လို့နော်... စပြီးရေးလိုက်တာလား.. ဥပမာ.. ကြိုးစားရင် ဘုရားတောင်ဖြစ်တယ်ဆို ဟုတ်သေး...)

 
On September 9, 2008 at 8:17 PM , mabaydar said...

မရလဲ ဂရုတော့မစိုက်ပါဘူး.. အဲဒိဆုပြည့်တော့လဲကောင်းတာပဲ.. ပိုစ့်ရေးရင်ပဲ ယောကျာင်္းလိုချင်လို့ရေးသလိုဖြစ်နေပြီ
By the way, Where is your Cbox??