စင်္ကာပူမှ ဘလော့ဂါတွေ တွေ့ဖို့ချိန်းထားတာနဲ့ ချိန်းထားတဲ့နေရာကို ကျွန်တော် ညနေ (၄း၁၀) လောက်မှာရောက်သွားတယ်.. ကျွန်တော်ရောက်တော့ လူကတော်တော်စုံနေပြီ.. မမယ်လိုဒီမောင် ကိုမေးတော့ နောက် ၁၀ယောက်လောက် ကျန်သေးတယ်ဆိုတာနဲ့ ကျွန်တော်လက်ဆောင်ပစ္စည်း သွားဝယ်လိုက်တယ်.. နောက် အာလုံးစုံပြီဆိုတာနဲ့ ကျွန်တော်တို့ချိန်းထားတဲ့နေရာကို တက္ကဆီငှား ပြီးသွားကြတယ်။ ချိန်းထားတဲ့နေရာမှာ မဗေဒါ ကတော့ကြိုရောက်နှင့်နေတယ်.. ကျွန်တော်တို့မှာ ထားတဲ့ BBQ တွေကိုသယ်ကြတယ်.. နောက်မိနစ် (၂၀)လောက်မှာ ကျွန်တော်တို့ တွေ့ဆုံပွဲလေးကို စတင်ပါတယ်.. ဒီမိတ်ဆက်တာလေးကို MMITPros မှ ကိုဂျွန်မိုးကလည်း MC အဖြစ်ဆောင်ရွက် ပေးပါတယ်.. နောက်ကျွန်တော်တို့တွေ တယောက်နဲ့တယောက် မိတ်ဆက်ကြတယ်.. မိတ်ဆက် တော့ အားလုံးက ကျွန်တော့ထက်သာတဲ့သူတွေကြီးပါပဲ.. သူတို့လုပ်တာတွေက IT Pro, Graphic Designer, Web Developer, Engineer, Sale And Marketing တွေနဲ့ လုပ်နေကြတဲ့ တကယ့်ကို Professional လိုင်းနဲ့လုပ်နေတဲ့ လူတွေကြီးပါပဲ.. အဲဒီထဲမှာ ကျွန်တော့်ထက် အသက်ငယ်တဲ့လူတွေ လည်းပါပါတယ်.. ကျွန်တော်ကသာ ဘာမဟုတ်တဲ့ ပညာလေးနဲ့ ဒီမှာလာလုပ်နေတာ.. သူတို့ကို ကျွန် တော်ကြည့်ပြီး အားကျမိတပါတယ်.. အဲလိုမိတ်ဆက်ပြီးတော့ တယောက်နဲ့တယောက်ပါလာတဲ့ ပစ္စည်းတွေလဲကြတယ်.. MrDBA ကြီးက အမှတ်တရ ဓါတ်ပုံတွေရိုက်ပေးတယ်.. နောက် မဗေဒါ က ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးပေးပါတယ်.. အဲမှာကျွန်တော် သတိထားမိတာက မဗေဒါနဲ့ အတူ သူ့မိဘတွေပါလာတယ်.. သူကတော့ပြောတာပေါ့နော်.. အဖေနဲ့အမေက အိမ်မှာပျင်းနေလို့ လိုက် လာတာတဲ့။ ကျွန်တော်ထင်တာ့တော့ မဗေဒါ ဘယ်လောက်သောင်းကျန်းထားလို့ အိမ်ကစိတ်မချ ဖြစ်ပြီး လိုက်လာတယ်လို့ ထင်တာပေါ့.. ဟီးဟီး..နောက်ကျွန်တော်တို့မှာထားတဲ့ BBQ တွေစားကြ၊ တယောက်နဲ့တယောက်စကားတွေပြောကြနဲ့ အရမ်းပျော်ဖို့ကောင်းပါတယ်.. နောက် မမယ်လိုဒီမောင် က Socialization On Net ဆိုတာလေးကို ဆွေးနွေးတင်ပြပါတယ်.. မမယ်လိုဒီမောင်ရဲ့ ဆွေးနွေးတင်ပြပြီးတဲ့နောက်မှာ ကျွန်တော်တို့တွေ ကိုစည်သူ(ဇင်ကိုလတ်)ရဲ့ ပျော်ရွှင်စရာ ဂိမ်းတွေဆော့ကြပါတယ်.. အားလုံးရဲ့မျက်နှာမှာ ဟန်ဆောင်မှုကင်းမဲ့ပြီး ပျော်ပျော် ရွှင်ရွှင်နဲ့ ကစားကြတာ မမောနိုင် မပန်းနိုင်ပါပဲ.. အဲလို ကျွန်တော်တို့ ကစားနေတုန်းမှာ လာရောက် နှောက်ယှက်တာကတော့ ကိုရွှေမိုးပါပဲ.. တော်သေးတာပေါ့.. နောက်ကျမှရွာလို့.. စောစောစီးစီးသာ ရွာရင် ကျွန်တော်တို့ အစီအစဉ်တွေ ကိုးလို့ကန့်လန့် ဖြစ်ကုန်မှာ.. နောက်မိုးအရမ်းရွာလာတော့ ကျွန် တော်တို့နားမှာရှိတဲ့ အမိုးအောက်ကြီးမှာ မိုးဝင်ခိုပြီး ဂိမ်းအစီအစဉ်ကို ဆက်လက်ကစားကြပါတယ်.. ကျွန်တော်တို့ရဲ့ ကစားပွဲကို ည (၁၀း၂၀) မှာ အဆုံးသတ်လိုက်ပါတယ်.. မိုးစက်တွေတဖွဲဖွဲကျနေတဲ့ လမ်းမပေါ်မှာ ကျွန်တော်တို့ တယောက်နဲ့ တယောက်နှုတ်ဆက်ပြီး ကျွန်တော်တို့ရဲ့ စင်္ကာပူမှ ဘလော့ဂါမှာတွေ့ဆုံပွဲ အစီအစဉ်လေးကို အဆုံးသတ်ခဲ့ပါတယ်.. မိုးစက်တွေနဲ့အပြန်လမ်းမှာတော့ အားလုံးက ဒီတွေ့ဆုံပွဲလေးအကြောင်းကို ကိုယ်စီအတွေးလေးများနှင့်တွေးပြီး စိတ်ကိုပျော်ရွှင် ကြည်နူးစေခဲ့ပါတယ်.. အခုလိုပျော်ရွှင်စရာကောင်းတဲ့ တွေ့ဆုံပွဲလေးကို ဒီနှစ်မှာသာမက နောက်နှစ် တွေမှာလည်း ဆက်လက်ကျင်းပနိုင်ပါစေလို့ ဆုတောင်းမိပါတယ်.. ဘာပဲပြောပြော ဒီတွေ့ဆုံပွဲလေး ဟာ ကျွန်တော့်အတွက် မမေ့နိုင်တဲ့ အမှတ်တရနေ့လေး တစ်နေ့ပါပဲ.. တွေ့ဆုံပွဲကို တက်ရောက်လာ သူတွေကတော့
(၁) MrDBA
(၂) မယ်လိုဒီမောင်
(၃) မြတ်မင်းဟန်
(၄) အိုအေစစ် မောင်ပွတ်
(၅) ဇင်ကိုလတ်
(၆) ကိုဇေယျာ
(၇) မစ်သွန်းသွန်း
(၈) သန့်ဇင်ဦး(မောင်သန့်ဇင်)
(၉) Emotion Of Mind
(၁၀) ToMMyGiRL
(၁၁) မဗေဒါ
(၁၂) ကျော်ဇေယျ
(၁၃) (၁၄) ကိုနေ + ၁
(၁၅) မိုးကြယ်
(၁၆) ဝေယံလင်း
(၁၇) ရဲနိုင်စိုး
(၁၈) StevenWang
(၁၉) အိဝေဖြိုး
(၂၀) (၂၁) ညီညီ (သံလွင်)+ စကားပန်း
(၂၂) စိုးမင်းထိုက်(တောင်ပေါ်သား)
(၂၃) စက်တင်ဘာဒရင်းမ်
(၂၄) ပုလုကွေး
(၂၅) Happy Cloud
(၂၆) ကိုငယ်(မန္တလေး)
Written By Maung Han Htut Zaw
Subscribe to:
Post Comments (Atom)

3 comments:
ကိုရွှေမိုးကရောက်ချလာတယ် ဆိုလို့ ငါက ဘယ်နှယ့် ကိုရွှေမိုးဆိုတဲ့ ဘလော့ဂါမကြားမိပါဘာလားပေါ့။ ဘယ်ဟုတ်မတုန်းသူက မိုးရွာတာပြောသကိုး။
ွှsg မှာသွားခဲ့သမျှပွဲတွေထဲမှာ အပျော်ဆုံးပွဲတစ်ပွဲပါ.. အားလုံးက ခင်စရာအရမ်းကောင်းတယ်...
OT ရှိလို့ မလာလိုက်ရတာ နာတယ်ကွား(