လပြည့်ည ဝေဒနာ

Filed under: by: EOM Members

ချစ်သူအကြောင်းကို စုံစမ်းလိုက်တော့..
သူ့မှာရည်းစားရှိတယ်တဲ့..
ချစ်ခဲ့ပြီးမှတော့ ...ချစ်သူကိုဘာပဲဖြစ်ဖြစ်
ံမြတ်နိုးတွယ်တာခဲ့တယ်..
သိင်္ဂါရ ချစ်ခြင်းအပြည့်နဲ့ ရစ်ပတ်နှောင့်ဖွဲ့ခဲ့လေတဲ့
ကျုပ်ရဲ့အချစ်များကိုလပြည့်ညရောက် တိုင်း..
အမှတ်ရအောက်မေ့...သတိရဖြစ်ခဲ့တယ်ဆိုရင်ဘဲ့
ချစ်သူလေးကို ကျေးဇူးတင်နေမှာပါ...
ကျုပ်နဲ့ချစ်သူ..လပြည့်ညမှာ ဆုံတွေ့ခဲ့တယ်...
စတွေ့တွေ့ခြင်း ချစ်ခဲ့ကြပေမဲ့ ကံမကောင်းအကြောင်းမလှစွာ
ချစ်သူဘ၀က ချစ်သူရှိနှင့်ပြီးတဲ့...
ကျုပ်နောက်ကျခဲ့တယ်...
လုယူဖို့ မကြိုးစားတော့ပါဘူး.. တိမ်ဖုံးတဲ့လပြည့်ညမှ လမ်းခွဲခဲ့ကြတယ်...
ချစ်သူအကြောင်း ... မေးမိ
ချစ်သူရှိ၏ ... တဲ့အစနိဒါန်း မကောင်းခဲ့မှန်း
သိလိုက်ရ၏..
ဒဏ်ရာပြည့်နှက်
ငါ့နှလုံးသားအတွက်
လမ်းခွဲခြင်းဆိုတဲ့
နှောင့်ဖွဲ့ခြင်းမဲ့ ဝေဒနာရဲ့ဆူးခက်..
ထပ်ဆင့်ရိုက်ခတ်.. ဘယ်လိုမှမေ့မရ
တိမ်မကင်းတဲ့ လပြည့်ည

လပြည့်ညဝေဒနာ
ဝီစကီ တပိုင်း ဂစ်တာတစ်လက်နဲ့
လွမ်းချင်းဆိုကာ...ဖြေသိမ့်နေလဲ
လက်ပြနှုတ်ဆက်...
မျက်ရည်စက်လက်
လမ်းခွဲတဲ့ည.. အမှတ်ရနေဆဲ

ဝိရောဓိရဲ့တဖက်တချက် နေမယ်အမြဲ
ကတိတွေထားခဲ့
ကြေကွဲနေသလားကွယ်...

လပြည့်ညချစ်သူ..
ဘယ်လိုပင်မူမူ..
သူ...သူ....သူ...ဟု
ငါ့ မှာတမ်းတ...
လွမ်းနေဆဲပါကွယ်
Written By Maung Zaw Myo Tun

1 comments:

On September 2, 2008 at 11:22 PM , Unknown said...

မွေးနေ. မှာ အ တိုင်းမသိပျော်ရွှင်မူ. တွေနဲ. အတူ စိတ်ချမ်းသာပျော်ရွင်မူတွေ နဲ. ပြည်.စုံ ပါစေလို.ဆုတောင်းလိုက်ပါတယ်....