အမုန်းမဲ့

Filed under: by: EOM Members

ချစ်သူ......
ကြင်နာခြင်းရဲ့ မာယာတလင်းမှာ
အသည်းမပါ...နတ္တိဗလာဖြင့်
ကျောက်နှင့်ထုဆစ်...ချစ်သူအဖြစ်လို...

ချစ်သူ.....
မေတ္တာများရဲ့ စိမ်းကားခြင်းမှာ
ရင်နာလို့ဆွေး... ငိုကြေးမပါ
ကျောက်သားပမာကျင့်.. ချစ်သူအဖြစ်လို
အနမ်းဆိုတာဝေး.....
အလွမ်းကိုသာပေးခဲ့တဲ့...ချစ်သူရယ်.....

ငါ့မှာတော့ဖြင့်......
ချစ်သူလိုကျင့်... စိမ်းကားဖို့ဝေး
အမုန်းမဲ့စွမ်းအား....တည်မြဲစေသား
ဆုတောင်းရင်းသာ
အလွမ်းစာသား...အလွမ်းကဗျာများကို
ဆက်လက်ရေးသား...ခရီးစလေပြီ.....
Written By Maung Zaw Myo Tun

0 comments: