မိုး

Filed under: by: EOM Members

အဲသည့်နေ့က မိုးတွေ သည်းနေခဲ့တယ် ...
မင်းသိရဲ့လား ချစ်သူ ...
ငါ့ရင်ထဲ ရွာနေတဲ့ မိုးစက်တွေကို ပေါ့ ...
ကြည့်လိုက်စမ်း ...
ငါ့ မျက်ဝန်းမှာ ဝေ့သီနေတဲ့ မိုးရေစက်တွေကို ...
အဲဒါ မင်း အတွက် လက်ဆောင်တစ်ခုပေါ့ ...
မင်း မရှိတဲ့ နေ့ရက်တွေမှာ ...
ငါ့ အနား မုန်တိုင်းတွေ ပတ်လည်ဝိုင်းနေခဲ့တာ ...
မင်း မှ မသိနိုင်ပဲ ...
ထားလိုက်ပါတော့ကွာ ...
အဲသည့် ရွာနေတဲ့ မိုးစက်တွေကို သက်သေပြုရင်း ..
ငါ ... တိုင်တည်လိုက်ချင်ရဲ့ ...
ဒီ ကမ္ဘာလောကကြီး မပျက်သုဉ်းသရွေ့ ....
ငါ မင်းကို ဆက်ချစ်သွားမှာပါ .. ချစ်သူ ..
Written By Sue Khant Min

0 comments: