အလိုတော်အတိုင်း

Filed under: by: EOM Members

ဒီလို အလွမ်းမိုးစက်တွေ အောက်မှာ ...
ငါ တစ်ယောက်တည်း .. အိပ်မက်တွေကို သီဖွဲ့နေမိတယ် ...
ဘယ်သူမှ မသိလိုက်တဲ့ .. အနာဂတ်တွေထဲမှာ ..
ရင်ခွင်ဟောင်းတစ်ခုကို .. နွေးထွေးစွာ လိုအပ်နေတယ် ဆိုတာ ..
မင်းသိနိုင်ပါ့မလား .... ချစ်သူ ...
ဒီလို ညတွေတိုင်းမှာ ...
ငါ တစ်ယောက်တည်း ... ကြယ်တွေကို ရေတွက်ရင်း ..
စိတ္တဇညတွေကို ကုန်လွန်ခဲ့ရဖူးတယ် ...
မင်းကတော့ ငါ့ ရင်ခွင်ဟင်းလင်းပြင်ထဲမှာ ..
ဝင့်ထယ်စွာ စံစားနေရစ်ပါ .. ချစ်သူ ...
အရုဏ်ဦး နဲ့ ဆည်းဆာ သာ ထပ်တူညီခဲ့မယ် ဆိုရင် ..
ငါ ဟာ မာနတွေ ပြိုဆင်း ...
အတ္တတွေကို ခ၀ါချပြီး .. မင်းရဲ့ထံပါး ...
ဒူးထောက်ခစားနေချင်ရဲ့ ...
ဒါပေမယ့် ... အရာအားလုံး ...
မင်းရဲ့ အလိုတော်အတိုင်းပါပဲ ... ချစ်သူ ...
Written By Su Khant Min

0 comments: