မျက်ရည်တွေဝဲနေတဲ့ 
ငိုတော့မယ့် ကောင်မလေးတစ်ယောက်နဲ့ တူတယ် ...
ကောင်းကင်ကြီးက အကြောင်းရှိလို့ မိုးရွာသလို
ကောင်မလေးကလည်း အကြောင်းရှိလို့  ငိုရှာတယ်လေ
ကောင်မလေးက
လိမ္မော်ရောင် ကောင်းကင်ကြီးကို
တွေ့ လိုက်ရတဲ့ ခဏမှာ
ခြောက်သွေ့ နေတဲ့ သူ့ မမျက်ဝန်းမှာ
မျက်ရည်တွေဝဲလာတယ်လေ...
ဘာကိုလွမ်းမှန်းမသိဘဲ
တစ်စုံတစ်ရာကို လွမ်းနေမိတယ်
လိမ္မော်ရောင် ကောင်းကင်ကြီးကတော့
ကောင်မလေး မျက်ဝန်းက မျက်ရည်စတွေနဲ့ အတူ
မိုးတွေရွာသွန်းလိုက်ပြီ
ကောင်မလေးရဲ့  တိုင်ပင်ဖော်ကတော့
အရောင်မျိုးစုံပြောင်းလဲတတ်တဲ့
ကောင်းကင်ကြီးပါပဲ
မိုးစက်လေးတွေကတော့  ကောင်မလေးရဲ့  နှစ်သိမ့်သူပေါ့
ကျေးဇူးပါပဲ မိုးစက်လေးရယ် ...
Written By Poe Phyu
0 comments: