
မင်းရဲ့အပြုံးလေးတွေ
မင်းရဲ့ ရယ်မောသံလေးတွေက
ငါ့ရဲ့နှလုံးသားကို
ပျော်ရွှင်မှုတွေ သာယာမှုတွေ
အများကြီးပေးစွမ်းနိုင်တယ်....
မင်းနဲ့ အတူရှိနေတဲ့အချိန်တွေတိုင်းမှာ
ကြားနေရတဲ့ မင်းရဲ့ ရယ်မောသံတွေ
မြင်တွေ့နေရတဲ့ မင်းရဲ့ အပြုံးချိုလေးတွေကို
ငါနဲ့ ပက်သတ်နေစေချင်သလို
ငါ့အတွက်ပဲ ဖြစ်နေစေချင်တယ်.....
အဲဒီအတွက်
ငါဟာ အတ္တကြီးသူတစ်ယောက်လို့တော့
မထင်စေချင်ဘူး ချစ်သူ.....
ငါ့ ခံစားချက်တွေကို
ကျေးဇူးပြုပြီးတော့ နားထောင်ပေးပါအုံး.....
မင်းအနားမှာ ငါရှိနေပေမယ့်
ငါ မဟုတ်တဲ့ တစ်ဦးတစ်ယောက်နဲ့
ပြုံးရယ်နေတဲ့ မင်းရဲ့ အပြုံးချိုလေးတွေ
ရယ်မောနေတဲ့ မင်းရဲ့အသံလေးတွေ
ကြားလိုက်ရတိုင်း မြင်တွေ့နေရတိုင်း
ငါ့ရဲ့ နှလုံးသားပေါ်မှာ
ဓါးတလက်နဲ့ ဆွဲခြစ်နေသလို
တစစ်စစ်နဲ့ နာကျင်နေအောင်
ခံစားနေရတယ် ဆိုတာကော
မင်းသိမလား ချစ်သူ....
ဒါဆိုရင်တော့
ငါကို အတ္တကြီးသူတစ်ယောက်အဖြစ်
မသတ်မှတ်သင့်ပါဘူး ......
Written By Ko Ko Naing
0 comments: