
မြက်ခင်းနုနုလေးတွေပေါ်က ကျနော်နဲ့သူ
ခြောက်သွေ့ ရင့်ရော်နေတဲ့ ပင်အိုကြီးအောက်က ကျနော်နဲ့သူ
လမ်းမရှည်တွေပေါ်က ခြေရာကြီးနဲ့ ခြေရာလေး
လက်။လက်ကလေးကိုဆုပ်ကိုင်ပေးထားတဲ့လက်
တစ်ခုနဲ့တစ်ခု ညင်ညင်သာသာလေး ဆုပ်ကိုင်ထားတဲ့လက်
အခုတော့.....
အတူမရှိတော့တဲ့ ကျနော်နဲ့သူ
အရင်ကဆို
ကိုယ့်ခြေရာ၊ကိုယ့်လက်ဟန်နဲ့
လွှတ်ထားပြီး
တစ်ယောက်တည်းလျှောက်စေခဲ့တယ်။
လက်။လက်ကလေးကိုဆုပ်ကိုင်ပေးထားတဲ့လက်
ခြေရာတွေထဲကခြေရာလေးတစ်ခု
အဝေးတစ်နိုင်ငံက ခြေရာငယ်
အရင်လို လမ်းမရှည်တွေပေါ် မလျှောက်နိုင်တော့
အခုတော့ တစ်ယောက်တည်းလျှောက်နေပြီ
တမ်းတနေတယ်
အရင်က ဆုပ်ကိုင်ပေးထားတဲ့
ဘ၀ပဲ့ကိုင်ရှင် ရဲ့ လက်။
Written By Bo Bo Kyaw
1 comments:
ကျမ အစ်ကိုနှစ်ယောက်မှာ..သားတစ်ယောက်စီရှိတယ်
အစ်ကိုအကြီးရဲ့ သားက ၄တန်းတက်နေပြီ..အစ်ကိုအငယ်ရဲ့ သားကကျတော့ခုမှ ၁နှစ်ကျော်ကျော်ပဲရှိသေးတယ်...ခုချိန်မှာ အဲ့ဒီကလေးတွေကအဖေကိုပဲ ကပ်ပါတယ်..အမေကိုဆိုရင် ခပ်ဝေးဝေးကရှောင်နေတဲ့ သဘောမှာရှိတယ်..အဲ့ဒါကို မိဘမဟုတ်တဲ့ သူတစိမ်းတွေက "အယ်..ဒီကလေးက အဖေကို ပိုချစ်တယ်တော့"..ဘာညာ..ပြောကြတယ်..အဲ့လိုပြောကြချိန်မှာ အစ်ကို အငယ်ကတော့ ပီတိတွေနဲ့...
ကျမအစ်ကို အကြီးကတော့ ပြောပါတယ် ...ကလေးဆိုတာ အမြဲဒီလိုပါပဲတဲ့..ကလေးဘ၀မှာတော့ အမေဆိုတာက ခုဆူလိုက်.ခေါက်လိုက်..အော်လိုက်.ငေါက်လိုက်..နဲ့ဆိုတော့ အမေကို ဘယ်ကပ်ပါ့မလဲ..နောက် နဲနဲလေးအရွယ်ရလာတော့ အဖေကို မကောင်းမြင်တတ်လာတဲ့ အရွယ်ရောက်တော့ ...အမေကိုပြန်ကပ်တာပဲတဲ့...အဲ့ဒီ အရွယ်ကျတော့ အမေကသာ ကိုယ်လုပ်သမျှခွင့်လွှတ်တာကိုး.....တဲ့......နောက် ကိုယ်လဲ အဖေနေရာ ပြန်ရောက်ရော....