အဲသည့်နေ့က မိုးတွေရွာနေတယ် ....ကောင်လေး တစ်ယောက်ဟာ ... လမ်းမကြီး အတိုင်းလျှောက်လာရင်းနဲ့ ... မိုးကောင်းကင်ကို မော့ကြည့်ရင်းနဲ့ တစုံတခုကို ရေရွတ်တမ်းတနေတယ်....
အဲသည့် ရွာနေတဲ့ မိုးစက်တွေသာ ... ငွေတွေဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲတဲ့ တကယ်တော့ ကောင်လေးက သူဆင်းရဲလေး တစ်ယောက်ပါ သူ့မှာ ငွေကြေးဆိုလို့ တပြားတချပ်မှ မပါဘူး အ၀တ်အထည်ဆိုလို့လဲ... သူ့ကိုပေါ်က အ၀တ်တစုံပဲရှိတယ် ၀မ်းဗိုက်ထဲမှာတော့ .. အသံပေါင်းစုံမြည်လို့ပေါ့သူ ဘာအစာမှမစားရသေးတာ... ၄... ၅ ရက်လောက်တောင် ရှိတော့မယ်ထင်ရဲ့ ဒီလိုနဲ့ မိုးကောင်း ကင်ကို မော့ကြည့်ရင်းနဲ့.. သူ့ဘ၀သူ စိတ်နာနေတုန်း...နံဘေးနားကနေ.. ကားတစ်စီး ဖြတ်မောင်းသွားတယ် နောက်ဆုံးပေါ် ကားအမျိုး အစားပေါ့ ကားနောက်ခန်းမှာ တွေ့လိုက်ရတာက .. သူနဲ့ သက်တူရွယ်တူ ကောင်လေးတစ်ယောက်...
လက်ထဲမှာက စားစရာမုန့်တွေ တပွေ့တပိုက်နဲ့.. လမ်းဘေးကကောင်လေးကတော့..ေ၀၀ါး လာတဲ့ သူ့မျက်လုံးတွေကို တချက်ပွတ်သပ်ရင်း... ခြောက်သွေ့စပြုလာတဲ့.. နှုတ်ခမ်းတစ်စုံကို ကိုက်မိတယ်... ။ သူကျတော့ ကားအ ကောင်းစားစီးလို့.. စားစရာလဲ အပြည့် အစုံနဲ့... ။ ငါကျတော့... လမ်းဘေးမှာ... မိုးရေတွေရွှဲစိုလို့.. ။ ဗိုက်ထဲမှာကလဲ ဗလာနတ္ထိနဲ့... ။ လောကကြီးက တယ်လဲမတရားပါလားလို့.. တွေးနေမိတယ်... ။ အဲဒီ့ အချိန်မှာပဲ... မည်းမှောင်နေတဲ့ ကောင်းကင်တစ်ခွင်ဟာ ကြောက် မက်ဖွယ် အသံတစ်ခုနဲ့အတူ... လင်းလက်သွားခဲ့တယ်... ။ ပြီးတော့... အလင်းတန်းတစ်ခုဟာ သူတို့ရှိရာနဲ့ မလှမ်းမကမ်းကို ကျရောက် လာတယ်.... ။ ကောင်းကင်တစ်ခုလုံး လင်းထိန်လို့ပေါ့.. ။ အဲဒီအချိန်မှာပဲ... မထင်မှတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့တယ်လေ.. ။ ရှေ့တူရှုကို သွားနေတဲ့ နောက်ဆုံးပေါ်ကားလေးရဲ့ ဦးတည်ရာက... လမ်းဘေးကကောင်လေးဆီကို တန်းတန်းမတ်မတ်ရောက်ရှိလာခဲ့တယ်... ။ အံ့အားတသင့်နဲ့ ကောင်းကင်ကို မော့ကြည့်နေတဲ့ ကောင်လေးကတော့ ဒါကိုမသိရှာဘူးပေါ့ .... ။ အရှိန်မထိန်းနိုင်တော့တဲ့ နောက်ဆုံး ပေါ်ကားလေးကတော့... ကောင်လေးကို လမ်းဘေးက သစ်ပင်ဆီ အရောက်ဆွဲခေါ်သွားခဲ့တယ်... ။ ကားတစ်စီးလုံးလဲ... ကြေမွပျက်စီး လို့ပေါ့.. ။ ........... ။ ဒီအဖြစ်အပျက်မှာ တရားခံမရှိပါပဲ... ဘယ်သူ့မှာမှ အပြစ်မရှိပါပဲနဲ့.... ကားပေါ်က ကောင်လေးရော.. လမ်းဘေးက ကောင်လေးရော... အသက်ဆုံးရှုံးခဲ့ကြရတယ်... ။ ဒါပေမယ့်.. တစ်ခုရှိတာက... ဘယ်သူ့ရဲ့ဆုံးရှုံးမှုဟာ ပိုပြီးတန်ဖိုးကြီးသလဲ ... ဘယ် သူက ပိုပြီးနစ်နာခဲ့ရသလဲ.. ဆိုတာပဲ ... ။ လူချမ်းသာကောင်လေးက ... သူ့ဘ၀မှာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ နေထိုင်ခဲ့ရလို့ ... သူ့ဘ၀ဟာ .. သေပျော်ပြီလို့ထင်လား.. ဒါမှမဟုတ်.... ပျော်ရွှင်ချမ်းမြေ့မှုတွေ ဆိတ်သုဉ်းခဲ့ရတဲ့ အတွက်.. သူ့ဘ၀ရဲ့ နိဂုံးဟာ... အရမ်းကိုဆိုးဝါးနေ လား... ။ သူဆင်းရဲ ကောင်လေးဘက်က ကြည့်ရင်ရော... သူက ၅ရက်လုံးလုံး ထမင်းလေးတစ်နပ်တောင် မစားခဲ့ရပဲနဲ့... သေဆုံးသွား ခဲ့ရတာ... ဘယ်လောက်များ... ကြေကွဲစရာကောင်းလိုက်မလဲ... ။ ပြီးတော့.. သူ့ဘ၀တစ်လျှောက်မှာ ပျော်ရွှင်မှုတွေ ချမ်းမြေ့မှုတွေကို လုံးဝမခံစားခဲ့ရဖူးတဲ့အတွက်.. သူ့ဘ၀ရဲ့ နိဂုံးကရော... ဖြစ်သင့်ရဲ့လား... ။ ဒါမှမဟုတ်.. သူ့လို အညတြတစ်ယောက်မရှိတော့တဲ့ အတွက်.. လောကကြီးက ပိုပြီးသာယာနာပျော်ဖွယ်ကောင်းလာသလား.. ။ ဘယ်သူမှမမှားခဲ့တဲ့... ဒီအဖြစ်အပျက်မှာ .. တစုံတခုမှားယွင်းနေတာကတော့... ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ် ...
Written By Sue Khant Min
0 comments: