လောကကြီးရဲ့မောင်းနှင်အား

Filed under: by: EOM Members

လူတွေဟာ လောကကြီးမှာမွေးဖွားအသက်ရှင်ခဲ့
ပြန်လည်ကာ လောကကြီးကို ပေးဆပ်ဖို့လိုတယ်
ကမ္ဘာမြေကို မြတ်နိုးတဲ့
ရင်ခုန်သံတို့သီချင်းပဲ
တာဝန်ကိုယ်စီတို့ပုခုံးထက်ရှိနေတယ်

ခိုလှုံရာ လောကကြီးကို ကျေးဇူးမကန်းပါနဲ့
ယုံကြည်စွာ ပေးဆပ်ဖို့ရာ ကြိုးစားအသက်ရှင်မယ်
ကမ္ဘာမြေရဲ့ မျှော်လင့်ချက်
မိခင်တွေ ချစ်ခြင်းနဲ့
ရှင်သန်လည်ပတ်သွားမယ့် တို့ကမ္ဘာရယ်

ချစ်တဲ့ လောကကြီးက အားလုံးရဲ့မိခင်
ချစ်တဲ့ လောကကြီးအား အားလုံးကျေးဇူးတင်
ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ကမ္ဘာ
အမြဲတမ်းလှပ ငြိမ်းချမ်းသွားမှာပါ

လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ
သာယာတဲ့လောကကြီးမှာ စစ်မက်များ မလိုဘူး
နေထိုင်ရာ ဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ
ရင်ခုန်နေတဲ့ နှလုံးသားက တစ်ရောင်တည်း

ချစ်တဲ့ လောကကြီးက အားလုံးရဲ့မိခင်
ချစ်တဲ့ လောကကြီးအား အားလုံးကျေးဇူးတင်
ကလေးများရဲ့ ရိုးသားခြင်းနဲ့ ပန်းများပွင့်တဲ့ကမ္ဘာ
အမြဲတမ်းလှပ ငြိမ်းချမ်းသွားမှာပါ

လူတွေရဲ့ နှလုံးသားတိုင်းမှာ ငြိမ်းချမ်းရေးပါပဲ
သာယာတဲ့လောကကြီးမှာ စစ်မက်များ မလိုဘူး
နေထိုင်ရာဒေသနဲ့ အသားအရောင်တွေ မတူလည်းဘဲ
ရင်ခုန်နေတဲ့ နှလုံးသားက တစ်ရောင်တည်း

၁၉၉၆ ၀န်းကျင်က ပဉ္စဂံတေးစု-၂ သီချင်းအယ်လ်ဘမ်ထဲမှာ ထူးအိမ်သင် ဖွဲ့ဆိုထားတဲ့ “လောကကြီးရဲ့မောင်းနှင်အား” ဆိုတဲ့သီချင်းကို မျှဝေခံစားစေချင်ပါတယ်။
သီချင်းစာသား၊ သံစဉ်၊ စီစဉ်မှု အတော်ကောင်းမွန်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ ခံစားမိပါတယ်။
သီချင်းချစ်သူများ ကိုထူးအိမ်သင်ရဲ့ အနုပညာကို ချစ်ခြင်းအားဖြင့် မျှဝေခံစားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

Thank You For This Song... ဖိုးသား

Download links - Mediafire (0r) Rapidshare

Written By Maung Han Htut Zaw

0 comments: