ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံခြင်း

Filed under: by: EOM Members

စူးရှအက်ကွဲပြီး မျောက်မင်းအူသံနဲ့ သီချင်းဆို၊ အ၀တ်အစားဒီဇိုင်း ပေါကြောင်ကြောင်နဲ့ မြန်မာပြည်က အမျိုးသမီးအဆိုတော် ဘယ်သူ လဲလို့ မေးရင် အားလုံးကတညီတညွတ်တည်း ဖြူဖြူကျော်သိန်းလို့ ပြောကျမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပေါကြောင်ကြောင် မိန်းကလေးတ ယောက်ရဲ့ ရင်ထဲမှာ ဘာတွေရှိတယ်ဆိုကို ပရိသတ်တွေကိုသိစေချင်တဲ့ အတွက် ကျွန်တော် ကိုကိုမောင်တော်တော်ဆိုး ကိုယ်တိုင်ပဲ သွားရောက်တွေ့ဆုံပြီး အင်တာဗျူးဖြစ်ခဲ့ပါတယ်။

မေး-ဖြူဖြူကျော်သိန်းဆိုတာနာမည်အရင်းပဲလား။

ဖြေ-ပာုတ်ပါတယ်။ ဒို့ကမွေးတုန်းကအသားအရမ်းမဲတယ်လေ....ပြီးတော့လည်း ဒို့မိဘတွေက အသားအရမ်းမဲနေတဲ့ဒို့ကိုဖြူတာလေးပါ သွားအောင်လို့ ဖြူဖြူကျော်သိန်းလို့ မှည့်ခဲ့တာပေါ့... (ခစ်)

မေး-အခုကျောင်းပြီးသွားပြီဆိုတော့ ဆရာဝန်အလုပ်ကိုဆက်လုပ်မလုပ်....
ဖြေ- အင်းဒါကတော့ ဘယ်လိုပြောရမလဲ...ဒို့ကဆရာဝန်ဖြစ်တယ်ဆိုပေမဲ့ စာကကောင်းကောင်း မတတ်ဘူးလေ ဆရာဝန်ဖြစ်လို့ဆေးကု လဲ ဘယ်လိုပြောမလဲနော်.... (ပီား)တော်ကြာ ဒေါက်တာ (အလောင်းစည်သူ) ဖြူဖြူကျော်သိန်းဖြစ်သွားမှာပေါ့...

မေး-အနုပညာကိုဝါသနာပါလာရတဲ့အကြောင်းရင်းခံလေးများပြောပြပါလား။

ဖြေ- အော်...ဒါလား....ဖြူဖြူကလေ အနုပညာနဲ့ ပတ်သက်ပြီးတော့ ၀ါသနာပါတယ်လို့တော့ မပာုတ်ဘူးပေါ့နော်... ဒါပေမဲ့လဲ လူတွေက ပေါတောတောလုပ်ပြရင် ကြိုက်တယ်မပာုတ်လား။ ဒါကြောင့်ဖြူဖြူက ပေါတောတောတွေလုပ်ပြရတာပေါ့။ ပြီးတော့ အပေါ်မှာပြောခဲ့သ လိုပဲ စာကလဲ ကောင်းကောင်းမရတာလဲ ပါတာပေါ့နော်။ အခုချိန်မှာလုပ်စားလို့ ကောင်းတဲ့ ပေါတောတောတွေပဲလုပ်တာက ဆေးကုတာ ထက်ပိုပြီး Income ကကောင်းမယ်လို့ ထင်မိလို့ သီချင်းဆိုကြည့်တာပါ။


မေး-အနုပညာကို ငယ်ငယ်ထဲက ဘယ်လိုမျိုး စိတ်ဝင်စားတယ်ဆိုတာလေးများ ရှိရင်ပြောပြပါလား။

ဖြေ- အော်…ဒါကတော့လေ..ဖြူဖြူက ငယ်ငယ်က သရဲအရမ်းကြောက်တော့ အိမ်သာတက်ရင်ပဲဖြစ်ဖြစ်၊ ရေချိုးရင်ပဲဖြစ်ဖြစ် သီချင်းတွေ ကို အကျယ်ကြီးအော်ဆိုတာပေါ့….ဘယ်လောက်များ သရဲကြောက်တတ်လဲဆိုရင် ဖြူဖြူတခါမှ မှန်မကြည့်ဘူးလေ။ အခုကျတော့ အဲဒီ တုန်းက သရဲကြောက်လို့ဆိုတာကို ၀ါသနာပါတယ်ဆိုပြီးဆွဲထည့်တာပေါ့နော်။


မေး-အခုကျောင်းပြီးပြီဆိုတော့ ပောာက်ဆာဂျင်လုပ်မလုပ်လေးပြောပါအုန်းနော်။

ဖြေ-အော်...ဒါလား။ ဖြူဖြူကိုဆို ကလေးမိဘတွေက အရမ်းအားကိုးတယ်...အခုခေတ်ကလဲ ကလေးတွေက အရင်လိုဒေဝေါနဲ့ ခြောက် ရင်မကြောက်တော့ဘူးလေ။ အဲတော့ကလေးတွေငြိမ်အောင်လို့ဆိုပြီးတော့ ပိာုအသားမဲမဲနဲ့ဆရာဝန်မကြီးကိုခေါ်ပြီး ဆေးထိုးခိုင်းလိုက်မယ်လို့ပြောရင် ကလေးတွေကကြောက်ကျတယ်လေ..


မေး-ဒါဆိုဖြူဖြူက ပေါတောတောလုပ်နေရတယ်ဆိုတာ လုပ်ငန်းသဘောပေါ့နော်။
ဖြေ-ဒါတော့မပာုတ်ဘူး။ ဖြူဖြူကနဂိုထဲက ပေါတောတော၊ ရူးကြောင်ကြောင်လုပ်ပြီး လူတွေစိတ်ဝင်စားအောင်လုပ်တာ ငယ်ငယ်ထဲကပါ...

မေး-ဖြူဖြူကပွဲကျရင် ၀တ်စားတာနဲ့ ပတ်သက်ပြီးတော့ သီချင်းမဆိုခင် လူမမြင်အောင်နေတယ်နော်… အဲဒါနဲ့ ပတ်သက်ပြီးတော့ တခု ခုလောက်များ ရှင်းပြပါလား။
ဖြေ-ခစ်ခစ်ခစ်… ဖြူဖြူကလေ ၀တ်လို့ရှိရင် ပုံပုံစတိုးကမှဝတ်တာ။ ဈေးလဲသက်သာတယ်လေ.. ဖြူဖြူကိုယ်တိုင်ပဲ ဖရေဇာမှာရှိတဲ့ ပုံပုံ စတိုးမှာ ရွေးယူတာပေါ့။ လူတွေကတော့ ဖြူဖြူကို အပြင်မှာမြင်ရင်မမှတ်မိကျဘူးလေ။ ဒါပေမဲ့တော်တော်များများက ပုံပုံအထည်ဆိုရင် သိတာများလို့ ဖြူဖြူက တမင်တကာ ပိုက်ဆံပေးပြီးကြည့်ရတဲ့ ပရိသတ်အတွက်ပဲလို့ ပာန်လုပ်ပြီးပြောရတာပါ။ မဆိုခင်လူတွေတွေ့သွား ရင် ဖြူဖြူကိုပုံပုံအထည်တွေ ၀တ်ထားတယ်ဆိုတာ သိကုန်ကျမှာပေါ့။ စင်ပေါ်ရောက်တော့ မီးရောင်နဲ့ဆိုတော့ ပုံပုံအထည်မှန်း သိပ်မသိ တော့ဘူးလေ။


မေး-ဖြူဖြူကဘာသာရေးနဲ့ပတ်သက်ပြီး တော်တော်ကိုင်းရှိုင်းတယ်နော်။ ပထမဆုံးစီးရီး အင်တာဗျူးတုန်းက ဘုရားသခင်ပေးသနားတဲ့ အသံလို့ပြောဘူးတယ်နော်။

ဖြေ-အော်....ဒါကလဲအဲဒီတုန်းက ဒီလိုမျိုးပေါတောတောစလုပ်ရမှာဆိုတော့ မအောင်မြင်ရင်ရှက်စရာကြီးလေ... ဒါကြောင့် ကိုယ့်အပြစ်မ ဖြစ်အောင်လို့ ဘုရားသခင်ကိုဆွဲထည့်လိုက်တာပါ။ ခစ်...ခစ်...အောင်မြင်ရင်တော့ ကိုယ်တော်လို့ပေါ့နော်

မေး-အခုလက်ရှိမှာရော အောင်မြင်ပြီလို့ ပြောလို့ရပြီလား။
ဖြေ-ဒါကတော့ ဘယ်လိုပြောမလဲနော်...လူဆိုတာကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့... ပေါတောတောလုပ်ပြတာ ကြိုက်တဲ့သူတွေကတော့ ဖြူဖြူ ကို အရမ်းအားပေးတာပေါ့။ တချို့ကျတော့လဲ ဖြူဖြူကိုပေါတာမပေါ့လေ... ဖြူဖြူကတော့ ကိုယ့်ကိုပေါတာမလို့ခေါ်တာကိုလုံးဝစိတ်မ ဆိုးပါဘူး။ မှန်တာကိုခေါ်တာပဲနော် စိတ်ဆိုးစရာလား...ခစ်ခစ်ခစ်ခစ်

မေး-ဖြူဖြူကသီချင်းဆိုတဲ့အခါမှာ ပာန်ပန်အပြည့်နဲ့ဆိုတယ်နော်... အဲဒါနဲ့ပတ်သက်ပြီးတော့ နည်းနည်းလောက် ရှင်းပြပါအုန်း။
ဖြေ-ဒါကတော့ပြောရမယ်ဆိုရင် အရှည်ကြီးပဲ.. ကြုံကြိုက်လို့ပြောရမယ်ဆိုရင်တော့... ဖြူဖြူရဲ့အကြောင်းကို သိတဲ့သူတွေက ကြီး(၃)ကြီး မဲပလေလို့ခေါ်တယ်လေ... ပထမကြီးတကြီးက သောက်စားကြီးတာပါ၊ ဒုတိယကြီးကတော့ သောက်ပြောကြီးတာပါ၊ နောက်ဆုံးကြီးက တော့ သောက်ပျင်းကြီးတာပါ။ ဥပမာပြောရရင် ဖြူဖြူ့အရင်တုန်းက အေးချမ်းမေရဲ့သီချင်းကို ယုဇနကဆိုတုန်းက လူတွေကမကြိုက် ကျဘူးလေ.. City FM နှစ်ပတ်လည်မှာ ဖြူဖြူအလှည့်လဲကျရော ဖြူဖြူကအားလုံးထက်သာအောင်ဆိုမယ်ပေါ့နော်... အရည်အချင်းကနဲ တော့ ပာာမိုနီလိုက်မဲ့သူတွေကို အများကြီးခေါ်၊ ပြီးတော့သီချင်းဆိုတာကို လူတွေသိပ်ပြီးသတိမထားမိအောင်လို့ ဖြူဖြူထက် ရုပ်ချောတဲ့ မော်ဒယ်လ်ကိုသုံး။ ဒီလိုမျိုးကြံဖန်ရတာပေါ့နော်။ ပြီးတော့လဲအဲဒီနေ့က ဖြူဖြူကပဲကြီးပာင်းတွေ စားထားတယ်လေ.... ၀တ်ထားတာကလဲ အဖြူရောင်ဆိုတော့ တော်တော်နေရခက်တာပေါ့နော်... သီချင်းကိုဆိုနေရင်းနဲ့ ဖြူဖြူက အရမ်းဗိုက်နာလာတယ်လေ... ဒါကြောင့်မျက် နှာကြီးကို ရှူံမဲ့ထားတာပေါ့။ နောက်ပြီး ဗိုက်ကအရမ်းနာနေတော့ သီချင်းဆိုနေရင်းထွက်ကျမှာစိုးလို့ စင်ပေါ်မှာ ပိာုလျှောက်လိုက်၊ဒီ လျှောက်လိုက်နဲ့ လုပ်နေတာပေါ့... ခစ်ခစ်ခစ်.. တခုကံကောင်းတာက လူတွေက ဖြူဖြူဗိုက်နာနေတာကိုမသိဘူးလေ... ဖြူဖြူခံစားချက် အပြည့်နဲ့ ဆိုနေတယ်ပဲထင်နေကျတာလေ... သီချင်းလဲဆိုပြီးတော့ဖြူဖြူလဲ တန်းပြီးအိမ်သာကိုပြေးရတာပဲ။ စဉ်းစားကြည့်ပေါ့နော်… ဖြူဖြူကို ပရိသတ်က တကယ်လက်ခံပြီဆိုရင် ဆုတွေပေးတဲ့အထဲမှာ ဖြူဖြူပါရမှာပေါ့။ အခုသူများတွေပဲရတယ်ဆိုတော့ ဖြူဖြူကို လူတွေ ကသိပ်ပြီးလက်မခံသေးတဲ့ သဘောရောက်တာပေါ့။

မေး-ဖြူဖြူစင်္ကာပူမှာ သီချင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာလေးတွေရှိရင် တခုလောက်။ ဖြေ-ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ပာမ်ဘာဂါတလုံးကို (၃၅)ဒေါ်လာပေးရတယ်ဆိုတာက ဆင်လောက်ကြီးတဲ့ ပာမ်ဘာဂါကိုပြော တာ ဖြူဖြူတို့ စားတဲ့ ဘာဂါက (၃၅)ဒေါ်လာဆိုတာ လူ (၁၀)ယောက်စာကိုပြောတာလေ။ ဒါပေမဲ့ အင်တာဗျူးတခုမှာ ခပ်တည်တည်နဲ့ ဖြီးတာပေါ့ ။ဘယ်ရမလဲ။ ပြီးတော့လဲ ပရိုဂျူဆာတွေက လာကြည့်တယ်ဆိုတာကလဲ သူတို့ဖာသာ စင်ကာပူဂေးလန်းကို လာတာလေ.. လမ်းကြုံလို့ဝင်ကြည့်သွားတဲ့သဘောပါ။ သူတို့အိမ်တွေကိုလဲ အကြောင်းပြလို့ ကောင်းသွားတာပေါ့နော်။

မေး-ဖြူဖြူကပြောတော့ စင်္ကာပူမှာသီချင်းဆိုတုန်းက ခေါင်းကိုမော့ပြီးဆိုတယ်လို့ပြောတယ်နော်။ ဖြေ-အော်…ဒါလား။ ဖြူဖြူရဲ့အရပ်က ခွေးပစ်တဲ့တုတ်သာသာလေးပဲ ရှိတာဆိုတော့ အရပ်ကို မရှည်ရှည်အောင်လို့ မော့ထားရတာပါ။ ဒါပေမဲ့ အင်တာဗျူးမှာကျတော့ လူတွေအထင်ကြီးအောင်လို့ ခပ်တည်တည်နဲ့ ဖြီးဖြန်းတာပေါ့။

မေး-စင်ကာပူမှာ လာပြီးအားပေးတဲ့ မြန်မာတွေရော များလား။
ဖြေ-ခစ် ခစ် ခစ် လူဆိုတာမျိုးက လမ်းဘေးက မျောက်ပွဲတောင်အုံကြည့်ကျသေးတာပဲ… လာကြည့်ကျတာပေါ့။ အများကြီးတော့ မပာုတ် ပါဘူး။ (၃) (၄)ယောက်ပေါ့နော်။ ပြီးတော့ သူတို့တွေပွဲလဲပြီးရော ငိုကျတယ်။ လာကြည့်ရတဲ့ ပိုက်ဆံကိုမုန့်စားတာမှ ပိုပြီးအကျိုးရှိနိုင် တယ်ဆိုပြီးတော့ပေါ့…

မေး-ဖြူဖြူကိုအပေါ်မှာမေးခဲ့တုန်းက ဘုရားသခင်ကို ကောင်းကောင်းကြီး ခုတုံးလုပ်ခဲ့တယ်ဆိုတာကို ဖြူဖြူပြောခဲ့ပြီးပြီနော်။ ကျွန်တော် နောက်တခုသိချင်တာက ငယ်ငယ်က ဘာသာရေးနဲ့ပတ်သက်ပြီးလုပ်ခဲ့တာလေးတွေ၊ မှတ်မှတ်ရရရှိခဲ့တာလေးတွေကိုပြောပြပါအုန်း။
ဖြေ-ခစ်ခစ်ခစ် ငယ်ငယ်တုန်းကတော့ ဖြူဖြူက Sunday School ကို တက်ရတယ်။ အဲဒီမှာ ဘုရားသီချင်းတွေဆိုရတာပေါ့နော်... အဲဒီလို ဆိုရပြီးဆိုဖြူဖြူကို ဘယ်တော့မှ မဆိုခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေ ဘုရားသီချင်းကို မုန်းသွားမှာစိုးလို့ပေါ့ (ခစ်ခစ်ခစ်) ပြီးတော့ ဘုရားကျောင်းကို တက်တယ်ဆိုတာကလဲ ယုံကြည်လွန်းလို့တော့ မပာုတ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ ရည်းစားလေး ဘာလေးရမလားလို့တက်နေရတာ...


မေး-ဒါဆို ဖြူဖြူ့ရဲ့ အချစ်အကြောင်းလေး တီးတိုးလေးများရှိခဲ့ရင်တခုလောက်ပြောပြပါအုန်း။

ဖြေ-ဖြူဖြူက ကိုယ်တိုင်သာ အသားမဲတာ။ ဒါပေမဲ့ ရည်းစားကျတော့ အသားဖြူတဲ့လူကို ပိုပြီးစိတ်ဝင်စားတယ်လေ။ အခုချိန်ထိတော့ ဖြူ့ကို ကြိုက်တဲ့လူတယောက်မှမရှိသေးဘူး။ ကျောင်းတက်တုန်းကဆို ဖြူဖြူကလိုက်ကြိုက်တာတောင် ကောင်လေးတွေက ထွက်ပြေး ကျတယ်လေ....ဒါကြောင့် ဖြူဖြူရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကဆို ဖြူဖြူကို ရွယ်ခူးလို့ခေါ်တယ်လေ..... (ကိုယ်ရည်ရွယ်လိုက်ရင် သူများကခူးသွားလို့ပေါ့) ခစ်ခစ်ခစ်


မေး-ဒါဆိုဆေးကျောင်းတက်တော့မှ ချစ်သူရတယ်လို့ပဲ ပြောရတော့မှာပေါ့။
ဖြေ-ဆေးကျောင်းကလူတွေက ပိုဆိုးတယ်... စာပဲစိတ်ဝင်စားကျတာ.. ဖြူဖြူကို ဂရုတောင်မစိုက်ကျဘူး။ တခါတလေတော့ သန့်ရှင်းရေး ကုလားမနဲ့တော့ တချို့ကမှားဘူးကျတယ်လေ......ကြိုက်မဲ့သူလုံးဝကို မရှိခဲ့တာပါ....

မေး-ဖြူဖြူကို အဆိုတော်မဖြစ်ခင် ဆေးကျောင်းကအမှတ်တရလေးတခုလောက်။

ဖြေ-ဖြူဖြူက ဆယ်တန်းနဲ့ ဆေးကျောင်းမပြီးခင်.... အင်းဘာလို့ပြောရမလဲ အဆိုတော်မဖြစ်ခင်က နည်းနည်းဝတယ်လေ.. အဲဒါကြောင့် တချို့က နဂိုကလဲမဲတော့ ဖြူဖြူကို ဆေးဘဲဥလို့တော့ ချစ်စနိုးခေါ်ကျတယ်။


မေး-ဖြူဖြူအားတဲ့အချိန်ကျရင် ဘာတွေလုပ်တယ်ဆိုတာလေးတခုလောက်။

ဖြေ-အော်ဒါလား.. .ပြောပြီးသားပဲလေ...ဖြူဖြူကသောက်ပျင်းကြီးတော့ စားပြီးရင်အိပ်နေတာပေါ့လို့... ခစ်ခစ်ခစ် ဒါပေမဲ့ တခါကတော့ ဖြူဖြူမအိပ်ပဲ ကဗျာတပုဒ်ရေးဘူးတယ်။ ပာင်းပာင်းပာင်း( အောက်ကလိသံဖြင့်ရီသည်) ဖြူဖြူ့ ကဗျာကိုလူတိုင်းကကောင်းလွန်းလို့တဲ့... ကဗျာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တယ်လို့တော့ မပာုတ်ပါဘူး။ ဒါပေမဲ့ ကျော်ကြားချင်တော့လဲ စိတ်ကူးတည့်ရာ လျှောက်လုပ်တာပေါ့နော်..

ရင်မှာမီးတောက်
ဖင်မှာချီးခြောက်
အဲဒါမင်းကြောင့်
အဲဒါဖြူဖြူစပ်ထားတဲ့ကဗျာလေ...ခစ်ခစ်ခစ်

မေး-ဖြူဖြူကသီချင်းဆိုတာတဖက်နဲ့ ကျောင်းကတဖက်ဆိုတော့ တော်တော်ပင်ပန်းခဲ့မှာပေါ့နော်။
ဖြေ- အော်ဒါကတော့ ဖြူဖြူ့ရဲ့ မမကျေးဇူးလို့ပြောရင်ရတယ်လေ။ ဖြူဖြူ့ရဲ့ မမက စာတော်တော့ ဆရာ၊ဆရာမတွေက မမကိုချစ်ကြ တယ်လေ။ ဖြူဖြူကတော့ စာမရတာများတယ်လေ။ အဲတော့ မမကပဲ ဆရာတွေကို ကန်တော့ပြီးဖြူဖြူ့ကိုမအောင်အောင်လို့ကို လုပ်ပေး ခဲ့တာပေါ့။ ဆရာတွေကလဲ ဒီတိုင်းတော့လုပ်မပေးဘူးလေ ဖြူဖြူနဲ့ ဖြူဖြူ့အမကို ဂတိတခုတောင်းတယ်.. ဆေးကျောင်းပြီးသွားရင် ဆေး မကုစားပါဘူးလို့လေ။

မေး-ဖြူဖြူ့ရဲ့ ပထမဦးဆုံးအခွေနဲ့ပတ်သက်ပြီး ပြောပြပါအုန်း။

ဖြေ-ဖြူဖြူကလဲ ကြွားချင်... အဲလေ... ပြောချင်နေတာ။ အဲဒီအချိန်တုန်းက အဆိုတော်တွေ ရေခမ်းလို့ရေခပ်နေတဲ့အချိန်ပေါ့လေ။ ပာိုး.. ရှင်းရှင်းပြောရရင် ပြန်ဆိုတေးတွေဆိုပြီး ပရိသတ်ဆီက ငွေချူနေတဲ့ အချိန်ပေါ့။ ပြီးတော့လဲ အဲဒီအချိန်တုန်းက အတွဲအခွေတွေခေတ် စားနေတဲ့အချိန်မှာ ဖြူဖြူ့အခွေကိုထုတ်တာပါ။ အဲဒီအချိန်တုန်းက အခွေထွက်တဲ့နေ့မှာပဲ ဖေဖေက သူ့သူငယ်ချင်းတွေနဲ့နီးစပ်ရာတွေကို ပိုက်ဆံပေးပြီး ဖြူဖြူ့အခွေတွေကိုပြန်ဝယ်ခိုင်းလိုက်တယ်လေ.. ပြီးတော့လဲ စပြီးထုတ်ထဲက နည်းနည်းလေးပဲ ထုတ်တာဆိုတော့ ခဏ လေးနဲ့ကုန်ပြီး အခွေတွေက ရောင်းကောင်းတဲ့ပုံစံမျိုး လုပ်ယူရတာပေါ့နော်။ လူတွေကိုလဲ ဖြူဖြူအခွေကိုကောင်းတယ် ပြောအောင်လို့ ဘုရားကိုပဲ ဘယ်လောက်ကြီးယုံကြည်ပြီး ကျေးဇူးတော်ကိုဘာညာဘာညာပေါ့နော်... တော်တော်ကြီးကို လုပ်ယူရတာပါ။ ပြီးတော့လဲ ဖြူဖြူကိုယ်တိုင် ပလန်းနက်တို့၊ ပုဂံနက်တို့မှာ nick မျိုးစုံနဲ့ ဖြူဖြူကျော်သိန်းက အတော်ဆုံး၊ အကောင်းဆုံးတွေလျှောက်ရေးတာပေါ့။


မေး-နာမည်ကြီးအဆိုတော်တွေရဲ့ အခွေတွေခိုးကူးခံကျရတယ်နော်.. ခိုးကူးခံရတယ်ဆိုတာကလဲ နာမည်ကြီးအဆိုတော်ဖြစ်မှဆိုတော့ ခိုးကူးခွေတွေနဲ့ ပတ်သက်တဲ့သဘောထားလေးပြောပြပါအုန်း။

ဖြေ-အော် ဒါက ဖြူဖြူအနေနဲ့ပြောရရင်တော့ (ဗမာစကားနဲ့ ပြောရရင်ပေါ့နော်).. ၀ဋ်လည်တယ်လို့ပဲပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူက အတန်းစဉ်စာခိုးချခဲ့တယ်၊ပြီးတော့လဲ သူများသီချင်းတွေကို ကော်ပီတင်မပာုတ်ဘူး၊ စတိုင်ကိုပါခိုးတာဆိုတော့ ဖြူဖြူကတော့ ခိုးချင်ခိုးပါစေပေါ့နော်... ဖြူဖြူခိုးခဲ့တဲ့ ငရဲတွေချေပေးတယ် လို့ပဲမှတ်ပါတယ်။ (ဒီနေရာအင်တာဗျူးပြုလုပ်သူကိုကိုမောင် အရမ်းကိုအံ့သြ ပါတယ်။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးပြင်းပြီး ဗမာစကားနဲ့ပြောရရင်လို့ပြောလို့ပါ)


မေး-ဖြူဖြူ့ကို အိုင်စီက စင်တင်ပေးတာနဲ့ပတ်သက်ပြီး ပြောပြပါအုန်း။

ဖြေ-အဲဒီအချိန်တုန်းက ပေါကြောင်ကြောင်လုပ်ပြမှခေတ်စားတာဆိုတော့ အိုင်စီအနေနဲ့က ပေါကြောင်ကြောင်လုပ်မဲ့ သူလိုက်ရှာနေတဲ့ အချိန်ပေါ့။ သူတို့က ဖြူဖြူကိုလဲတွေ့သွားတော့ လိုက်ရှာစရာမလိုတော့ဘူး.. ပာန်ကျပြီဆိုပြီး ဖြူဖြူ့ကို စင်တင်ပေးကျတာပဲပေါ့။ ဦးကို ကိုလွင်ကဆို စဆိုမဲ့နေ့မှာ ဖြူဖြူက အဖြူရောင်ဝတ်လာတော့ ဘာပြောလဲဆိုရင် ငါတို့လူရွေးမမှားဘူးတဲ့ အသားမဲ၊အရဲဆင်တဲ့ ဒီကောင် မလေး စင်ပေါ်မှာ ပေါတောတော လုပ်ပြဖို့ပဲလိုတယ်တဲ့။ အဲဒါနဲ့ ကိုချစ်စမ်းမောင်တို့ကလဲဝိုင်း ပြီးဆုတောင်းပေးကျတယ်..ပြီးတော့ ဘာမှမကြောက်နဲ့၊ တက်သာတက်လိုက်၊ လုပ်ချင်တာလုပ်ခဲ့၊ စိတ်ထဲရှိတဲ့အတိုင်း ပေါတောတောတွေလုပ်ခဲ့လို့ ၀ိုင်းမြှောက်ပေးကျတယ်။ ဖြူဖြူကလဲမြှောက်ပေးစရာတောင်မလိုပါဘူးလေ... ယောင်္ကျားလေးသာဆို တက်ပြီးတော့သေတယ်....


မေး-ပိာုတလောက ရခိုင်လေဘေးနဲ့ပတ်သကပြီး ဖြူဖြူကဗျာရွတ်လိုက်သေးတယ်နော်.. ဒါနဲ့ပတ်သက်ပြီးတော့ တခုခုလောက် ပြောပါ အုန်း။

ဖြေ-ဖြူဖြူအပေါ်မှာ ပြောခဲ့သလိုပဲလေ... ဖြူဖြူကိုယ်တိုင်လဲ ကဗျာစပ်တယ်ဆိုတာ.. လေဘေးဆိုရင် ဖြူဖြူက အရမ်းကိုရင်ခုန်တယ် လေ.. ဘာလို့လဲဆိုတော့ ဖြူဖြူကိုယ်တိုင်ကလဲ လေဘေးထည်တွေပဲ တစိုက်မတ်မတ်အားပေးခဲ့တာကိုး.. ခစ်ခစ်ခစ်ပြီးတော့လဲ သီချင်း ဆိုတာခေတ်မကောင်းတော့ရင် လိုင်းပြောင်းရတာ အဆင်ပြေအောင်လို့အခုထဲက ကြိုပြီး စာပေလောကနဲ့ ပတ်သက်အောင် လုပ်ယူထား ရတာပါ.. ဖြူဖြူရဲ့ပေါတောတောတွေကို လူတွေကရိုးသွားရင် စာပေလိုင်းထဲပြောင်းရအောင်လွယ်အောင်လို့ အခုထဲက ကဗျာရွတ်တာတို့ လုပ်ထားတာပေါ့။

မေး-ဖြူဖြူကိုယ်တိုင်စပ်ခဲ့ English ကဗျာလေးရွတ်တာဆို။
ဖြေ-ဒီကဗျာက ပာိုကဗျာထဲက နှစ်ကြောင်းလောက်၊ ဒီကဗျာထဲက တကြောင်းလောက်ခိုးချတာပေါ့။ Men May Come And Men May Go ဆိုပြီးလို့တောင်ပါနေလို့ ဖြူဖြူ့အမက ဒီလောက်တော့ ခိုးမချလို့တားရသေးတယ်လေ.. ကဗျာရွတ်တယ်ဆိုတာကလဲ ဘာခက်တာ လိုက်လို့၊ တွေ့ကရာလျှောက်ရွတ်ပေါ့... ခစ်ခစ် မြန်မာလိုရွတ်တာမှ မပာုတ်တာ... လူတွေကသိပ်ပြီးသတိမထားမိဘူးလေ... နားမလည် အောင်ရွတ်လိုက်တာပေါ့နော်... ဒါမှလဲ English ကို အရမ်းကျွမ်းပြီးပီတဲ့ ပုံစံမျိုးဖမ်းရတာပေါ့.. ခစ်ခစ်ခစ်...


မေး-အခုလို ဖြူဖြူရဲ့ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းဖြေကြားပေးတဲ့အတွက် ပရိသတ်ကြီး ကိုယ်စား ကျွန်တော်ကပဲ ကျေးဇူးအရမ်းကို တင်ရှိပါတယ်လို့ ပြောကြားပြစေ။
ဖြေ-ဖြူဖြူကလဲ အခုလိုစိတ်ထဲမှာရှိတာတွေကို အရှိကိုအရှိအတိုင်း ဖွင့်ပြောလိုက်ရတဲ့အတွက် ကျေးဇူးအထူးပင်တင်ရှိပါတယ်..

ဒီဟာသလေးအားပေးပို့ပေးသော ကျွန်တော့်ရဲ့ အွန်လိုင်းမှ သူငယ်ချင်း ကိုငယ်လေးအားကျေးဇူတင်ရှိပါတယ်..

6 comments:

On September 1, 2008 at 7:04 AM , Anonymous said...
This comment has been removed by a blog administrator.
 
On September 1, 2008 at 7:06 AM , Anonymous said...

အစက..ဒီကောင်မလေးအကြောင်းသိပ်မသိဘူ..
ခုမပဲ..စုံစုံလင်လင်သိရတော့တယ်..

 
On September 1, 2008 at 12:02 PM , thonn thonn said...

အဲဒါတွေက သူပြောတာတွေတစ်ကယ်လားဟင် ။ :O

 
On September 1, 2008 at 12:11 PM , Anonymous said...

တကယ်ဟုတ်/မဟုတ်မသိရေ ပမယ့်
အေ ကြာင်းအရာေ တွက ယုံေ လာက်ပါတယ်

 
On September 1, 2008 at 3:17 PM , Anonymous said...

အားလုံးဖြစ်နိုင်တယ်..မှန်တယ်...
Celebrity တစ်ယောက်လုပ်နေရင်..ကိုယ့်ကိုယ်ကို celebrity လို့အော်နေရင်..ဟုတ်ဟုတ်မဟုတ်ဟုတ် ဝေဖန်တာတာခံရဲရမယ်..ဝေဖန်လို့လဲ ရတယ်..
ကောင်းတယ်...

 
On September 2, 2008 at 6:33 PM , Anonymous said...

I am not a PPKT's fan. But, I denounce this kind of rude personal attacks.