ဘယ်သူလင်းလက်စေခဲ့သလဲ … . အလင်းစက်တစ်ချို့နဲ့…
ဘယ်သူချိုမြိန်စေခဲ့သလဲ .. ပျားရည်တစ်စက်နဲ့…
ဘယ်သူနာကျင်စေခဲ့သလဲ .. ဆူးခက်တစ်ချို့နဲ့…
ဘယ်သူမုန်းတီးစေခဲ့သလဲ .. အနမ်းတု တစ်ပွင့်နဲ့...
ဘယ်သူခါးသက်စေခဲ့သလဲ .. အဆိပ်သင့်ကျိန်စာတစ်ပုဒ်နဲ့...
ဘယ်သူလွမ်းရစ်စေခဲ့သလဲ .. ကာရန်မဲ့ တေးသွားတစ်ခုနဲ့...
ကျေးဇူးပြုပြီး.. ဖြေပေးကြပါ…
ငါ့ရင်ဘတ်တစ်ခုနဲ့… ငါ့ကိုယ်ငါ စုန်းဝုန်းနစ်မြုပ်ရင်း...
ဂိုဒေါင်ဟောင်းတစ်ခုထဲမှာ မိန်းမောနေခဲ့မိတာကို...
ဘယ်တန်ခိုးရှင်ကမှ မသိနိုင်ပါဘူး...
ကောင်မလေးရယ် ….
အရူးတစ်ယောက်လို .. အဆက်အစပ်မရှိတဲ့
တေးသွားတစ်ပုဒ်ကို ဆိုညည်းရင်း.…
မင်းဖန်ဆင်းပေးခဲ့တဲ့ အိပ်မက်တွေထဲမှာ...
ငါ... ပျော်ဝင်နေရဆဲပါ...
ကောင်မလေးရယ်…
Written By Sue Khant Min
0 comments: