
တို့တွေ သစ္စာဆိုကြဘူးတယ်...
တစ်ဘ၀စာ ခွဲခွါသွားတာ မဟုတ်ပေမယ့်
တခဏတာ မင်းအဝေးထွက်သွားတဲ့အချိန်တွေမှာ
တစ်ယောက်ထဲ အလွမ်းဒဏ်ရာတွေကို နာကြင်စွာခံစားနေရတယ်...
အချိန်တိုင်းအတူတူ အနားမှာရှိနေချင်ပေမယ့်
အခြေအနေမပေးလို့ အဝေးရောက်နေတဲ့ အချိန်တွေမှာ
မင်းနဲ့ပက်သတ်နေတဲ့အရာတိုင်းဟာ
ငါ့နှလုံးသားတောင်မကဘူး
ငါ့ဦးနှောက်ကိုပါ ချုပ်ကိုင်လွှမ်းမိုးထားတယ်...
ချစ်သူမင်းရဲ့ ခံစားချက်တွေကကော
ငါနဲ့ထပ်တူကျနေနိုင်ပါ့မလားလို့တော့ မမေးရက်တော့ပါဘူး....
တကယ်လို့သာ မင်းလဲငါ့လိုခံစားနေရမယ်ဆို
မင်းကိုနာကြင်တဲ့ ခံစားချက်တွေပေးမိတဲ့
ငါ့ကိုယ် ငါ.....
မင်းနားတဖ၀ါးမခွါလိုက်နေနိုင်တဲ့
မင်းရဲ့အရိပ်လေးအဖြစ် ကျိန်စာသင့်စေလိုက်ပါ့မယ်.....
Written By Ko Ko Naing
2 comments:
ုရင်ထဲမှာအချစ်စစ်အတွက် ခံစားချက်တွေပျင်းရှလာတဲ့ အခါသူအလိုလိုထွက်ကျလာတဲ့ စကား လုံးတွေက ဗျာလေးတစ်ပုဒ်ဖြစ်လာသလို ... ဒီကဗျာလေးက kk & P ရှေ့ဆက်ရမယ့်အနာဂတ်အတွက် အားအင်တွေကို ဖန်ဆင်းပေးတဲ့ ကဗျာလေးတစ်ပုဒ် ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ် ....
ကျေးဇူးတင်ပါတယ် ကိုအီုကာကွေး =)