
ဘ၀င်လေဟပ်သူတွေရဲ့ စကား
စိတ်ဓါတ်တွေပြင်ရမယ်လို့သာပြောတာ၊ ဘာစိတ်ဓါတ်မျိုးတွေ ပြုပြင်ရမှာလဲလို့တော့ တိတိကျကျ မပြောနိုင်ပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျစကားတွေ ကြားရဖန်များလို့ ရိုးတောင်ရိုးနေပြီ။ "မြန်မာတွေ ပျင်းတယ်"
"မြန်မာတွေ ညံ့တယ်၊ ဖျင်းတယ်"
"မြန်မာတွေ စည်းကမ်းမဲ့တယ်"
"မြန်မာတွေ ကြိုးစာအားထုပ်မှုမရှိဘူး"
စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေဖြစ်ပါတယ်။"မြန်မာတွေ ညံ့တယ်၊ ဖျင်းတယ်"
"မြန်မာတွေ စည်းကမ်းမဲ့တယ်"
"မြန်မာတွေ ကြိုးစာအားထုပ်မှုမရှိဘူး"
နွားနဲ့ရုန်းနေတာ ပျင်းတာလား
မြန်မာတွေပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီးပြောတာလဲ၊ မနက်အာရုံမလာခင်ထ ထွန်တယ်ကိုထမ်းပြီးလယ်ထဲဆင်း၊ တနေလုံးနေပူကြီးထဲမှာ နွားနဲ့အတူရုန်းအလုပ်လုပ်၊ ညနေ နေ၀င်ရီသရောမှအိမ်ကိုပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ (၈၀)ရာနှုန်းလောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူး ကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေးလမ်းမကြီးတွေမှာ လမ်းခင်းလမ်းပြင်လုပ်နေကြတဲ့၊ မြေတူး၊ ကျောက်ထုလုပ်နေကြတဲ့ မိန်းမ၊ ယောင်္ကျားစတဲ့ အလုပ်သမာတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ် တောက် ပူလောင်နေတဲ့ လမ်းမတွေပေါ်မှာ မျက်နှာလေးတခုပဲဖော်ထားပြီး တခေါင်းလုံး ပုဆိုးနဲ့ပတ် ပြီး အလုပ်လုပ်နေရှာတယ် မဟုတ်ပါလား။ သူတို့ခြေထောက်တွေမှာ ဖိနပ်တောင်မပါကြဘူး။ မြို့ရွာ နဲ့ အလှမ်းဝေးကွာတဲ့ နေရာမှာဆိုရင် လမ်းဘေးမှာပဲ သစ်ခက်တဲ နန်းထိုးပြီးနေကြ ချက်ပြုတ်စား ကြရတာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။ထွီထွမ်လုပ်တတ်တဲ့လူတွေ
နောက်ပြီးတော့ မြို့ရွာတွေမှာ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံထွေး ထွေး တာစတာတွေနဲ့ပါတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးဝ မရှိဘူးလို့ အပြစ်ပြောကြတာရှိသေးတယ်။ စင်္ကာပူများ သိပ်သန့်ရှင်းတာလို့လည်း ခဏခဏပြောကြတယ်။ စင်္ကာပူက လမ်းထောင့်တိုင်းမှာ ယူနီ ဖောင်းဝတ်ရဲတွေ စောင့်နေပြီး စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို ချက်ချင်း ဖမ်း၊ ဒဏ်ရိုက်လုပ်နေတာတွေကျတော့ ထည့်မပြောဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာအခြေ ခံနည်းပြီး စိတ်ယဉ်ကျေးမှုနိမ့်ကျသူတိုင်းဟာ “ပြည်သူ့နီတိ“ကို လျှစ်လျှရှုတတ်ကြတယ်။ "ထွီ၊ ထွမ်" နဲ့ လူရှေ့သူရှေ့မှာ တံထွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုးတာ ဘယ် မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့စာရင် မြန်မာတွေက ပိုပြီးယဉ်ကျေးပါတယ်။ မြန်မာတွေက ရေသာခို၊ အချောင်လိုက်ချင်တဲ့စိတ် သိပ်ကြီးမားတယ်။ ကြီုးစားပမ်းစား မလုပ်ချင်ကြဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ရှိကြတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်တွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် (၂)ခု လုပ်ပြီး တပင်တပန်း ပိုက်ဆံရှာနေကြတာတွေကို မမြင်လို့လား။ တချို့ဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင်မချွတ်ပဲ ၀င်ကြရပါတယ်။ မနက်အချိန်ကျတာနဲ့ အိပ်ရာ ထဲကထ တန်းပြီးအလုပ်ကို အဆင်သင့် ပြေးနိုင်အောင်လုပ်ထားကြတာလေ။ မြန်မာတွေ ကြိုးစား သလား၊ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်း ပါလို့ ပြောလိုက်ချင်တယ်။ မြန်မာတွေ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်းမဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာ သင်တဲ့လူ အားလုံးနီးပါးဟာ သူတို့သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်း သင်ယူနိုင်ကြတာချည်း ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာ မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လိုဘွဲ့တွေ သွားသင်ယူတဲ့ ဆရာဝန်တွေ စာမလိုက်နိုင်လို့ ပြန်လာတယ်ဆိုတာ မရှိသလောက်ပါပဲ။ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဉာဏ်ရည် ဉာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေး ရရင်ရသလို ဘာမဆိုဖြစ်အောင်လုပ်နိုင်ပါတယ်။ "အခြေအနေအရ အခိုက်အတန့်အဖြစ်သွား ရောက်လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်မှမသွားပဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တတ်စွမ်းသလောက် ကိုယ့်အားကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစားရုန်းကန် နေကြတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကား မလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်"
ကိုရွှေဗမာတွေ
မြန်မာတွေ ညံ့လို့မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာတို့ ပြောကြသူများဟာ နိုင်ငံခြားသားတွေ မဟုတ်ကြပါဘူး။ မြန်မာပြည်က နိုင်ငံခြားသွား အလုပ်လုပ်နေကြတဲ့ "ပြည်တွင်းဖြစ်နိုင်ငံခြားသား" ကိုရွှေဗမာများသာ ဖြစ်ပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့်ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိပြောနေကြ တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံ အာရှတိုက်တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာမရှိပါဘူး။ ပြည်တွင်းမှာ လုံလုံလောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ၊ သဘာဝဓါတ်ငွေ့လည်းထွက်တယ်။ တခြား ဓါတ်သတ္တူမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်း ပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာတွေကို ခေတ်မှီနည်းပညာတွေ အသုံးပြုပြီး ထုတ်ယူသုံစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ်ဖောက်ကားကြ ရမှာ မဟုတ်လား။သတိပေးလိုက်ချင်တယ်
အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံအညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦနှောက်တွေက နိုင်ငံရပ်ခြား တိုင်း ပြည်တွေ ထွက်သွားပြီး အလုပ်လုပ်ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေ နဲ့ သူများနိုင်ငံတွေ သွားအလုပ်လုပ်ပေးနေကြတာ အခြေအနေအရ အခိုက်အတန့်အဖြစ် သွား ရောက်လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်မှမသွားပဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တတ်စွမ်းသလောက် ကိုယ့်အားကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစားရုန်းကန် နေကြတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကား မလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။Weekly Eleven ဂျာနယ်တွင် ရေးသားထားသော ဆရာလူထုစိန်ဝင်း၏ ဆောင်းပါးအား ပြည်လည်ဖော်ပြထားခြင်း ဖြစ်ပါတယ်။
Written By Maung Han Htut Zaw
1 comments:
မြန်မာတွေ မပျင်းကြပါဘူး...မညံ့ကြပါဘူး။ နိုင်ငံခြားမှာ ချိုးခြံချွေတာပြီး အလုပ်ကြိုးစားလုပ်နေတဲ့ အာဂမြန်မာတွေ မြင်စေချင်ပါတယ်။ အမိနိုင်ငံကနေ ငွေကြေးကွာဟ မှုကြောင့် တိုင်းတပါးမှာ လာလုပ်ကြပေမယ့် ကိုယ့်အမိမြေကို အချိန်တိုင်းလွမ်းဆွတ် နေတဲ့မြန်မာတွေ...။ တိုင်းတပါးမှာ နိုင်ငံခြားသားပညာရှင်တွေနဲ့ အတူ ရင်ဘောင်တန်း လုပ်ပြနေတဲ့ မြန်မာ့ပညာရှင်တွေ။ ကိုယ့်တိုင်းပြည်အတွင်းမှာပဲ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ တီထွင်ကြံဆ လုပ်ကိုင်နေတဲ့ မြန်မာတွေ...။ တိုင်းပြည်တွင်းမှာပဲ တကယ်တော်တတ်တဲ့ ပညာရှင်တွေ ဒုနဲ့ဒေး ရှိပါတယ်။ အဲ့ဒိတော့ မြန်မာတွေက မတိုးတက်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိ ခေတ်အခြေအနေအရ မြန်မာနိုင်ငံ မတိုးတက်တာ..။ တိုးတက်တဲ့နိုင်ငံဖြစ်လာရင် အနည်းဆုံး လူနေမှုမြင့်လာမယ်။ လူနေမှု မြင့်လာရင် နေတတ် စားတတ်လာမယ်။ အဲ့ဒိအခါ အတွေးအခေါ်တွေ အတွေ့အကြုံတွေ ရင့်ကျက်လာကြမယ်။ ရှင်းရှင်းလေးပါပဲ...။ မြန်မာလူမျိုးတွေ မညံ့ပါဘူး..။ အခုဖြစ်နေတာက ခေတ်စနစ်ကြောင့်ပါ။