ချစ်တယ်ဗျာ.. ကောင်မလေးတစ်ယောက်ကို.. ပြောချင်တယ်.. ချစ်စကားတွေပေါ့.. ဖွင့်ဟချင်တယ်.. ရင်ထဲ့က ခံစားချက်တွေကို.. တမ်းတချင်တယ်.. မင်းဓာတ်ပုံတွေကြည့်တိုင်း.. ဒါပေမဲ့.. အရမ်းမလွမ်း ချင်ဘူးဗျာ.. မတွေ့ရတဲ့အခါတွေမှာ.. ဒါပေမဲ့လည်း လွမ်းရတာပါပဲ.. ဝေးနေလို့ပေါ့လေ.. တခါတလေ မှာလေ.. သူလေးပုံကိုကြည့်ပြီး၊ တခါတခါမှာခံစားတတ်လာတယ်.. သူမျက်နှာနုနုလေးကို အနမ်းပေး ချင်မိတယ်.. သူလက်ကလေးကိုကိုင်ပြီး ဘ၀ဆုံးထိ လျှောက်လှမ်းသွားချင်မိတယ်.. နေ့တိုင်း မခွဲအ တူနေထိုင်ချင်မိတယ်.. အေးချမ်းတဲ့ ဘ၀လေးတစ်ခုကို သူနဲ့ အတူ တည်ဆောက်ချင်မိတယ်။ ဒါပေမဲ့ လေ.. ဒါကအတွေးပေါ့ .. ဘယ်တော့မှာ ဒီအတွေးလေး ဖြစ်မြောက်မလည်းဆိုတာကတော့ ကံအ ပေါ်မှာပဲ လက်ကမ်းပေးရမှာပေါ့.. ကောင်မလေးရယ်.. အဝေးရောက် ချစ်သူလေးကို လွမ်းရတာ လည်း ကိုယ့်အတွက်တော့ အလုပ်တခုပဲလား မသိဘူး.. အခုတော့လည်း ဒီအတွေးတွေကို အဖော် လုပ်ပြီး ကိုယ်ဘဝခရီးတွေ လျှောက်လှမ်းနေခဲ့တယ်.. မင်းမသိရှိသေးတဲ့ ကိုယ့်ဘ၀ရဲ့ နောက်ကြောင်း လေးတွေကို မင်းကိုဖွင့်ပြောပြချင်မိတယ်.. ဆုံတွေ့ရမဲ့ ရက်တွေကို စောင့်မျှော်နေရင်း.. အတွေးများ နဲ့.. ရှင်သန်နေတယ်.. သိပ်ချစ်ပါတယ်လို့ပြောချင်ပေမဲ့.. ကံကြမ္မာက ခွင့်မပေးသေးဘူး.. ယုံကြည် ချက်နဲ့ စောင့်မျှော်နေသူတစ်ယောက်ကို ဘယ်သူက နိုပ်စက်ဦးမလဲဆိုတာ မသိပေမဲ့.. မင်းနိုပ်စက် ရင်တော့ ကိုယ့်ကခံဖို့ အသင့်ပါပဲ.. ချစ်သူရယ်.. ဆုံနိင်မဲ့ရက်ကို ကိုယ်တမ်းတနေရင်း ကိုယ့်ဆီကအ ချစ်တွေကို နှလုံးသားပြတိုက်ထဲမှာ သိမ်းထားလိုက်ပါမယ်.. မင်းနဲ တွေ့မှပဲ.. သိမ်းထားသမျှ ဖွင့်ဟ လိုက်တော့မယ်.. ကောင်မလေးရယ်..
Written By Sai Shan Lay
Subscribe to:
Post Comments (Atom)
0 comments: