ကျွန်တော်သည်.. အလွမ်းအဆွေးတွေနဲ့ ပြည့်နေသူ တဲ့  သူတစ်ယောက်ပါ။ တကယ်တော့ ကျွန်တော်ဟာ ခံစားချက်နဲ့ အသက်ရှင်နေသူ တစ်ယောက်ပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် ခံစားချက်ဟာ ကျွန်တော့်အတွက် တော့ ဖော်မွန်လေးတစ်ခုပေါ့..
ကောင်မလေးတစ်ယောက်ကို ကျွန်တော် ချစ်တယ်။ ဒါပေမဲ့ သူကကျွန်တော်က သူနဲ့ အဝေးမှာ ရှိနေတဲ့သူ ပေါ့.. ကျွန်တော်အချစ်တွေဟာ သူ့ အတွက် နှလုံးသားထဲမှာ အပြည့်ရှိနေတယ်.. သူသိပါစေလို့ ဆုတောင်းချင်ပေမဲ့ သူနဲ့တွေ့ ပြီး ဖွင့်ပြောရတာပိုကောင်းမယ်လို့  ကျွန်တော်ထင်မိတယ်..
ကျွန်တော် အလွမ်းတွေ နဲ့ ပြည့်နေတယ်လို့ လူတိုင်းပြောကျတယ်.. ဒါပေမဲ့ ကောင်မလေးရယ်..
ငါမင်းကို အရမ်းတွေ့ချင်မိနေတယ်.. အဝေးရောက်ချစ်သူအတွက်.. ရင်ထဲ ကအချစ်တွေကို ဖွင့်ဟ ပြောချင်မိနေတယ်.. ဒါပေမဲ့လည်းလေ.. အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တို့ ဝေးနေတုန်းမှာ.. မင်း ကိုတမ်းတနေရင်း မင်းဓာတ်ပုံလေးတွေကို ငေးကြည့်နေရင်း ကိုယ်ဟာ အလွမ်းသမားလေး တစ် ယောက် ဆက်လုပ်လိုက်ပါဦးမယ်..
နယ်မြေခြားနေတဲ့ အရပ်မှာ ကိုယ်ရှိနေလည်း မင်းကိုအဝေးကနေ တမ်းတမိနေတယ်.. ရေဘယ် လောက်ခြားခြား၊ မြေဘယ်လောက်ဝေးဝေး မင်းကိုလေ ချစ်နေမှာပါ.. အဆွေးတွေနဲ့ ကိုယ်တစ် ယောက် မင်းကိုတမ်းတရင်း မင်းဆီသို့ နှလုံးသား စာစောင်တွေ စက္ကန်နှင့် အမျှပို့ပေးနေတယ်..
ချစ်သူရယ်.. မင်းရဲ့ပုံရိပ် မင်းရဲ့အသံကို ကြားယောင်နေတယ်.. ကောင်မလေးရယ်.. လွမ်းလိုက်ဦး မယ်ကွယ်..
Written By Sai Shan Lay
Subscribe to:
Post Comments (Atom)
0 comments: